ခုတလောတော်လှန်ရေးအဖွဲ့တွေအတွက်အလှူငွေကောက်ခံတဲ့ကိစ္စမှာအငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်နေတယ်။တနိုင်ငံလုံးကPDF တွေရှင်သန်လှုပ်ရှားနိုင်ဖို့ကပြည်တွင်းပြည်ပကမြန်မာတွေရဲ့အလှူငွေတွေအပေါ်မှာတိုက်ရိုက်မူတည်နေတာပါ။အထူးသဖြင့် NUG နဲ့ချိတ်ဆက်မထားတဲ့ Local PDF တွေအတွက်အတော်အရေးပါတယ်။နိုင်ငံတကာအကူအညီဆိုတာကလဲခုချိန်ထိဘာမှဖြစ်မလာသေးပါဘူး။
ဒီအခြေအနေမှာအလှူခံတဲ့သူရဲ့ပုံရိပ်ပေါ်မူတည်ပြီးယုံကြည်မှုတည်ဆောက်ကြရတယ်။တချို့ကလဲအကွက်ကျကျအယုံသွင်းပြီးအလှူငွေတွေကိုလိမ်သွားတဲ့ကိစ္စတွေပေါ်ပေါက်လာတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဖို့အတွက်တချို့တွေကပြန်လည်ဖြေရှင်းနေကြတယ်။ဘာပဲလုပ်လုပ်ယုံကြည်မှုကအရေးကြီးတယ်လေ။ဒီပြသာနာဟာလဲသိပ်ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူး။ပြည်သူတွေရဲ့အသိဥာဏ်ကဒီခေတ်မှာမြင့်မားနေပြီလေ။