အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၃၁၊ ၂၀၂၁။ (တနင်္ဂနွေ)

ထန်တလန်မြို့မီးလောင်တဲ့ကိစ္စကိုစစ်ကောင်စီကPDFတွေလုပ်တာပါလို့စွပ်စွဲတယ်။ဒါသူတို့လုပ်နေကြအကွက်တွေပဲ။ရခိုင်မှာရိုဟင်ဂျာကိစ္စဖြစ်တုန်းကလဲနယ်ခံတွေကကိုယ့်ရွာကိုယ်မီးရှို့ပီးထွက်ပြေးကြတာပါလို့သတင်းမှိုင်းတိုက်ခဲ့ကြတယ်။အဲ့တုန်းကတော့စစ်တပ်အကြောင်းမသိသေးလို့ပြည်သူအများစုဟာယုံခဲ့ကြတယ်။ စစ်တပ်ဟာဟိုးအရင်ကတည်းကတိုင်းရင်းသားဒေသတွေ၊နယ်စွန်နယ်ဖျားတွေမှာအကြမ်းဖက်မှုမျိုးစုံစိတ်ကြိုက်ကျူးလွန်တယ်။ပြီးရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုသူပုန်လို့ခေါင်းစဥ်တပ်ပြီးစစ်ရာဇဝတ်မှုတွေကိုလွှဲချတယ်။သတင်းအမှောင်ချခံရတဲ့ကာလတွေဖြစ်နေတော့ပြည်ပကဗမာအများစုဟာသူတို့ပြောသမျှယုံပြီးစစ်တပ်ကိုထောက်ခံပေးခဲ့ကြတယ်။အခုတော့အမှန်တရားဟာမျက်ဝါးထင်ထင်ပေါ်လာခဲ့ပြီ။တနိုင်ငံလုံးမှာထင်ရာစိုင်းနေတဲ့စစ်သူပုန်တွေအကြောင်းအကုန်သိရှိသွားကြပြီ။ဒါဟာဒီတော်လှန်ရေးမှာထွက်ပေါ်လာတဲ့အမြတ်တစ်ခုပဲ။

Read moreDetails

အောက်တိုဘာ ၃၀၊ ၂၀၂၁။ (စနေ)

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်မှာလမ်းဘေးကျူးကျော်နေထိုင်သူတွေအားလုံးကိုစစ်ကောင်စီကအတင်းအဓ္ဓမရွှေ့ပြောင်းခိုင်းနေတယ်။နေထိုင်သူအားလုံးနီးပါးဟာအိမ်ပိုင်မရှိတဲ့လက်လုပ်လက်စားတွေ၊ပြောင်းစရာနေရာလဲရှိမှာမဟုတ်ဘူး။သူတို့တွေဒုက္ခတော်တော်ရောက်နေကြတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့စစ်ကောင်စီကတပ်အင်အားတွေအဆမတန်တိုးချဲ့ထားတာကြောင့်တိုက်ပွဲတွေအနည်းငယ်ငြိမ်သက်နေတယ်။PDFတွေတပ်ဖျောက်ထားတယ်လို့ယူဆရတယ်။ဟိုတလောကပဲNUGကစစ်ကိုင်းတိုင်းဘက်ကတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အရေးပေါ်အစည်းအဝေးလုပ်တယ်ကြားတယ်။နောက်လထဲတော့တစ်ခုခုထူးခြားလာလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၂၉၊ ၂၀၂၁။ (သောကြာ)

ချင်းပြည်နယ်၊ထန်တလန်မြို့လေးတော့မီးလောင်တိုက်အသွင်းခံလိုက်ရပြီ။ဒီနေ့မနက်ပိုင်းမှာမြို့ထဲပစ်ခတ်မှုတွေဖြစ်ပွားပြီးစစ်သူပုန်တွေဘက်ကသေဆုံးမှုတွေရှိလို့စစ်တပ်ကမြို့ထဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာကမီးလောင်မှုတွေဖြစ်ပွားလာတယ်။မြို့လဲမှာလဲလူမရှိတဲ့အပြင်မီးငြိမ်းသတ်မယ့်သူတွေကိုလဲစစ်တပ်ကပစ်ခတ်နေတာကြောင့်မီးဟာပိုကြီးလာတယ်။မနက်၁၀နာရီလောက်ကနေညထိလောင်ကျွမ်းနေတဲ့အတွက်အိမ်ခြေနှစ်ရာကျော်မြို့တဝက်လောက်နီးပါးမီးထဲပါသွားတယ်။ ချင်းပြည်နယ်လိုတောင်ထူထပ်တဲ့နေရာမျိုးမှာအိမ်ဆောက်ရမလွယ်ပါဘူး။ဆောက်ရတာခက်ခဲတဲ့အပြင်အစစအရာရာစျေးကြီးသေးတယ်။အခုတော့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုစစ်သူပုန်တွေအရသာခံပြီးမီးလောင်တိုက်သွင်းလိုက်ပြီ။

Read moreDetails

အောက်တိုဘာ ၂၈၊ ၂၀၂၁။ (ကြာသပတေး)

ဒေါ်လာစျေးနဲ့ရွှေစျေးကတော့တအိအိနဲ့ပြန်လည်ကျဆင်းလာတယ်။ဒါပေမယ့်အရင်ကပြောခဲ့သလိုကုန်စျေးနှုန်းကတော့ပြန်ကျမလာတော့ဘူး။ဗဟိုဘဏ်ကတစ်လကိုဒေါ်လာသန်းရာနှင့်ချီပြီးရောင်းချနေပေမယ့်စျေးကွက်ထဲမှာမြန်မာကျပ်ငွေရှားပါးမှုဟာပိုမိုဆိုးရွားလာတယ်။အခုဆိုရင်ဘဏ်တွေဟာ ATMစက်တွေမှာငွေမထည့်တော့တာတစ်လကျော်တောင်ရှိနေပြီ။အရင်ကဆိုငွေထုတ်ချင်ရင်ATMမှာတန်းစီထုတ်လို့ရနိုင်သေးတယ်။ဘဏ်တွေမှာလဲထုတ်ပေးတဲ့ငွေပမာဏကပိုနည်းလာပြီ။အစိုးရဘဏ်တွေဆိုတစ်လတစ်သိန်းပဲထုတ်ပေးတော့တယ်။ဘယ်လိုအလုပ်လုပ်ကြမလဲ။ပြင်ပစျေးကွက်ကထုတ်ရင်တော့ထပ်ဆောင်းအပိုငွေအနည်းဆုံး၅ရာခိုင်နှုန်းပေးနေရဆဲပဲ။အရေးတကြီးထုတ်ဖို့လိုအပ်သူတွေကတော့ကိုယ့်ငွေကိုရာခိုင်နှုန်းတွေပေးပြီးထုတ်နေကြရတယ်။ဒီကာလကြီးမှာဘယ်အရာမှအဆင်ပြေမနေဘူး။

Read moreDetails

အောက်တိုဘာ ၂၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ရန်ကုန်မှာလိုင်းကားတွေဟိုးအရင်လိုပြန်ကြပ်လာပြီ။အဓိကကတော့gasဖြည့်တဲ့ဆိုင်တွေမှာမီးတွေပျက်ဒါမှမဟုတ်မီးအားတွေကျနေလို့ပဲ။Gasဆိုင်တွေကိုဓာတ်အားအပြည့်မပေးနိုင်တော့လိုင်းကားတွေကအချိန်ကြာမြင့်စွာတန်းစီရတယ်။အဲ့ဒီတော့အစီးရေအပြည့်မထွက်နိုင်တော့ဘူး။စီးရေကြဲတော့ထွက်တဲ့ကားတွေမှာခရီးသည်တွေပြည့်သိပ်ကြပ်ညှပ်နေတော့တာပဲ။ဓာတ်အားပေးစနစ်ကအရင်လိုအလုံအလောက်ပေးနိုင်တော့မှာမဟုတ်ဘူး။ဓာတ်အားပေးဖို့စာချုပ်ချုပ်ထားတဲ့နိုင်ငံခြားကုမ္မဏီတွေလဲပြန်ကုန်ပြီ။ လိုင်းကားတွေအခုလိုအလုံအလောက်မထွက်နိုင်တာမျိုးအရင်စစ်အစိုးရခေတ်တုန်းကမ​ကြာမကြာဖြစ်ဘူးတယ်။အခုတော့ဆယ့စုနှစ်နှစ်ခုစာလောက်နောက်ပြန်ဆွဲနေပြီပေါ့။

Read moreDetails

အောက်တိုဘာ ၂၆၊ ၂၀၂၁။ (အင်္ဂါ)

မြန်မာမပါလို့လူမစုံတဲ့အာဆီယံထိပ်သီးအစည်းအဝေးဒီနေ့စတင်ပြုလုပ်တယ်။အာဆီယံဟာစစ်ကောင်စီဖက်ကနိုင်ငံခြားရေးအတွင်းဝန်ကိုသာဖိတ်ကြားခဲ့သေးတယ်။ဒါပေမယ့်စစ်ကောင်စီဖက်ကတော့မင်းအောင်လှိုင်မှမဟုတ်ရင်မတက်ချင်ဘူးဆိုပြီးအစည်းအဝေးကိုသပိတ်မှောက်ခဲ့တယ်။ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့မြန်မာ့အရေးဆွေးနွေးချက်တွေမှာမင်းအောင်လှိုင်ကိုအပြင်းအထန်ဝေဖန်ရှုံ့ချကြတယ်။အခုအစည်းအဝေးဟာအာဆီယံသမိုင်းမှာလူမစုံတဲ့ပထမဆုံးထိပ်သီးအစည်းအဝေးပဲ။ဒါပေမယ့်မြန်မာပြည်ကိုကယ်တင်ဖို့ဆိုရင်မင်းအောင်လှိုင်ကိုအစည်းအဝေးမတက်ခိုင်းရုံနဲ့မရဘူး။ဒီထက်ပြင်းထန်တဲ့အရေးယူမှုတွေဆက်တိုက်ပြုလုပ်မှရမယ်။

Read moreDetails

အောက်တိုဘာ ၂၅၊ ၂၀၂၁။ (တနင်္လာ)

နိုင်ငံတဝန်းကနေပြည်တော်၊မိတ္ထီလာ၊မေမြို့၊မော်လမြိုင်စတဲ့မြို့ကြီးတွေမှာစစ်တပ်ထောက်ခံပွဲတွေတပြိုင်နက်ထလုပ်ကြတယ်။ဘယ်သူတွေထောက်ခံလဲလို့ကြည့်လိုက်တော့စစ်တပ်ထဲကစစ်သားတွေအရပ်ဝတ်လဲပြီးထောက်ခံကြတာ။လုံခြုံရေးလဲအများအပြားယူထားကြသေးတယ်။ဒါတောင်မိတ္ထီလာပွဲမှာဗုံးပေါက်ဘို့ထိခိုက်မှုတွေရှိသေးတယ်။ စစ်တပ်ဟာဘယ်ပြည်သူမှမထောက်ခံတော့ကိုယ်ဘာသာကိုယ်ထောက်ခံနေရတဲ့အဆင့်ရောက်နေပြီ။ ပြည်တွင်းမှာတင်မကပဲနိုင်ငံတကာမှာလဲထောက်ခံသူမရှိအထီးကျန်ဆန်နေပြီ။အမေရိကန်ကဖိအားပေးလို့ပြည်ပမှာရှိတဲ့(အထူးသဖြင့်စင်ကာပူ)စစ်ခေါင်းဆောင်တွေရဲ့ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့စီစဥ်နေပြီ။တကယ်သာဖြစ်လာရင်စစ်ခေါင်းဆောင်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပဲ။

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၁။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုထိပ်သီးအစည်းအဝေးပေးမတက်ဖို့ဆုံးဖြတ်လိုက်တဲ့အာဆီယံရဲ့ဆုံးဖြတ်ချက်ကိုလက်မခံနိုင်ကြောင်းစစ်ကောင်စီဖက်ကသတင်းထုတ်ပြန်လိုက်တယ်။အစည်းအဝေးကိုမင်းတို့ပေးမတက်လဲရအောင်တက်မယ်ဆိုတဲ့သဘောမျိုးလဲရေးထားသေးတယ်။တော်တော်အရှက်မရှိတဲ့သူတွေ။အာဆီယံလဲသူတို့ကိုပိုပြီးရွံ့ရှာနေလောက်ပြီ။ဒါတောင်အာဆီယံဆိုတဲ့အဖွဲ့အစည်းဟာစစ်ကောင်စီကိုတောက်လျှောက်ကာကွယ်ပေးလာခဲ့တာ။အခုတော့စစ်ကောင်စီရဲ့စိတ်ဓာတ်တွေကိုရှင်းရှင်းလင်းလင်းသိလိုက်ရတာပေါ့။ တရုတ်ကတော့ခုချိန်ထိဘာမှတ်ချက်မပေးပဲတိတ်ဆိတ်နေနေတယ်။တရုတ်ဘက်အသံသိပ်မထွက်တော့တာUNညီလာခံကတည်းကပဲ။သူလဲစစ်ကောင်စီကိုမကာကွယ်ပေးနိုင်တော့ဘူး။စိတ်ပျက်နေလောက်ပြီ။

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၁။ (စနေ)

ဒီနေ့ရန်ကုန်မှာရောမန္တလေးမှာပါPDFတွေရဲ့ပျောက်ကျားတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံးရှစ်ဦးခန့်သေဆုံးခဲ့တယ်။ မနက်အစောကတည်းကရန်ကုန်မြို့လယ်ကရဲကင်းတစ်ခုအလစ်ဝင်ရောက်တိုက်ခိုက်ခံရတာပါ။နေ့လည်ကျတော့ဗားကရာမီးပွိုင့်ယာဉ်ထိန်းရုံးကိုအိမ်စီးကားတစ်စီးနဲ့အပစ်ခံရသေးတယ်။ထိုပစ်ခတ်မှုနှစ်ခုစလုံးကိုPDFတွေကဗီဒီယိုရိုက်ပီးဆိုရှယ်မီဒီယာတွေပေါ်ဖြန့်ဝေလိုက်သေးတယ်။မန္တလေးမှာလဲဘောလုံးကွင်းထဲကစစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့အသေအပျောက်တွေရှိတယ်။မနေ့ကလဲနေပြည်တော်က MICC2 လိုနေရာမျိုးမှာအလစ်တိုက်ခိုက်ခံရလို့ရဲနှစ်ယောက်သေဆုံးသွားတယ်။PDF တွေရဲ့လက်စလက်နဟာမြို့ကြီးတွေပေါ်မှာတောင်ပေါက်ပေါက်ရောက်ရောက်ရှိနေပြီ။စစ်သူပုန်တွေဟာသူတို့ရဲ့မြို့ပေါ်ကကင်းစခန်းတွေမှာဘန်ကာအထပ်ထပ်ကြားနေနေရပေမယ့်မလုံခြုံတော့ပါဘူး။သူတို့အတွက်အချိန်မရွှေးပစ်ခတ်ခံရပြီးဘဝကူးသွားနိုင်တယ်ဆိုတာနားလည်ဖို့ကောင်းနေပြီ။ပြည်သူ့ရင်ခွင်ကို CDM လုပ်ပြီးခိုလှုံဖို့သဘောပေါက်ဖို့လိုနေပြီ။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်မှာမီတာခတွေအတင်းအကြပ်လိုက်ကောက်နေပြီးမီတာမဆောင်တဲ့အိမ်တွေကိုမီးဖြတ်နေပါတယ်။မီးဖြတ်ရာမှာလျှပ်စစ်ဝန်ထမ်းတွေနဲ့အတူစစ်ကောင်စီတပ်သားတွေလိုက်ပါလာတာကိုတွေ့ရတယ်။တချို့တွေလဲလန့်ပြီးမီတာသွားဆောင်နေကြတယ်။နေ့ခင်းပိုင်းလောက်မှာတော့မြို့နယ်ပေါင်းစုံကမီတာရုံး၁၂ရုံးခန့်မှာပေါက်ကွဲမှုတွေဖြစ်ပွားလာတယ်။။မီတာမဆောင်တော့မီးဖြတ်တယ်။ဆောင်တော့လဲဗုံးပေါက်တယ်။လူတွေလဲဘာလုပ်ရမှန်းမသိတော့ဘူး။ ခုနောက်ပိုင်းမီးတွေလဲတအားပျက်လာတယ်။တခါပျက်ရင်လဲအကြာကြီးပဲ။လျှပ်စစ်ဌာနကတော့ system breakdownလို့ပြောတယ်။နွေရာသီကလဲရောက်လာတော့မယ်။NLDအစိုးရလက်ထက်ကလုပ်ထားခဲ့တဲ့ဓာတ်အားပေးပရော့ဂျက်တွေလဲနားကုန်ကြပြီ။ရှေ့လျောက်ဟိုးအရင်လိုအချိန်ပိုင်းမီးပေးတာတွေလာတော့မယ်ထင်တယ်။

Read moreDetails
Page 155 of 182 1 154 155 156 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist