ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်မှာလမ်းဘေးကျူးကျော်နေထိုင်သူတွေအားလုံးကိုစစ်ကောင်စီကအတင်းအဓ္ဓမရွှေ့ပြောင်းခိုင်းနေတယ်။နေထိုင်သူအားလုံးနီးပါးဟာအိမ်ပိုင်မရှိတဲ့လက်လုပ်လက်စားတွေ၊ပြောင်းစရာနေရာလဲရှိမှာမဟုတ်ဘူး။သူတို့တွေဒုက္ခတော်တော်ရောက်နေကြတယ်။
စစ်ကိုင်းတိုင်းဘက်မှာတော့စစ်ကောင်စီကတပ်အင်အားတွေအဆမတန်တိုးချဲ့ထားတာကြောင့်တိုက်ပွဲတွေအနည်းငယ်ငြိမ်သက်နေတယ်။PDFတွေတပ်ဖျောက်ထားတယ်လို့ယူဆရတယ်။ဟိုတလောကပဲNUGကစစ်ကိုင်းတိုင်းဘက်ကတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အရေးပေါ်အစည်းအဝေးလုပ်တယ်ကြားတယ်။နောက်လထဲတော့တစ်ခုခုထူးခြားလာလိမ့်မယ်။
သြဂုတ် ၀၁၊ ၂၀၂၅။ (သောကြာ)
စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ...