အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၁။ (တနင်္လာ)

Military council threatens to confiscate apartments and houses linked to terrorism မန္တလေးမြို့လည်ကောင်ကကညနရုံးထဲမှာဗုံးပေါက်လို့ပွဲစားတွေထိခိုက်ကုန်ကြတယ်။ရန်ကုန်ကညနရုံးမှာလဲအရင်ကပေါက်ကွဲမှုတွေဖြစ်ခဲ့တာပဲ။ဒါပေမယ့်ရုံးရှေ့လောက်မှာပဲကွဲတာ၊ခုမန္တလေးကရုံးထဲမှာကွဲတော့တော်တော်များများထိကုန်ကြတယ်။စစ်ကောင်စီရဲ့ဝင်ငွေရပေါက်ထောက်တိုင်ဆိုတော့အခွန်ရုံးတို့၊မီတာရုံးဆိုတာဝေးဝေးကရှောင်တာကောင်းလိမ့်မယ်။ ရန်ကုန်မြို့ရဲ့လမ်းမပေါ်မှာတော့ကားနဲ့လှည့်တတ်တဲ့လှည်းကင်းတွေ၊ပတ်ကင်းတွေတော်တော့နည်းသွားပြီ။ဟိုတခေါက်စမ်းချောင်းမှာအပစ်ခံရလို့ဗိုလ်မှူးတကောင်ပါသွားကတည်းကပဲ။ခုတော့မြို့ပေါ်ကဝတ်ကျင်းအသီးသီးမှာဘန်ကာအထပ်ထပ်နဲ့ကုတ်နေကြပြီ။

Read moreDetails

စက်တင်ဘာ ၂၆၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်သူပုန်တွေအထိနာသွားတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းအထက်ပိုင်းပင်လယ်ဘူးဒေသတဝိုက်ကိုအင်တာနက်ရော၊ဖုန်းလိုင်းပါဖြတ်လိုက်ပါပြီ။ဟိုနေ့ကမှစစ်ကောင်စီကအဲ့ဒီဒေသကိုအာရုံမရဘူးပြောလို့တောင်မပြီးသေးဘူး..ချက်ချင်းလက်ငင်းထိုးစစ်ဆင်မယ့်သတင်းတွေကြားလာရပြီ။PDF တွေဘေးကင်းပါစေ။ ချင်းပြည်နယ်မှာတော့ထန်တလန်တမြို့လုံးလူဦးရေသောင်းချီစစ်ရှောင်ကုန်ကြပြီ။မြို့ထဲမှာဘယ်သူမှမရှိကြတော့ဘူး။ဟိုတနေ့ကမြို့ထဲကိုစစ်သူပုန်တွေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့အိမ်တွေမီးလောင်ကတည်းကအကုန်လန့်ဖြန့်ပြီးထွက်ပြေးကုန်ကြတာပဲ။ မြို့လုံးကျွတ်စစ်ရှောင်ရတဲ့အခြေအနေမျိုးဆိုတာဒီဘက်ခေတ်မြန်မာ့သမိုင်းမှာမရှိခဲ့ဖူးပါ။တိုက်ပွဲတွေပိုပြင်းထန်လာဖို့ကတော့ကျိန်းသေသလောက်ပဲ။

Read moreDetails

စက်တင်ဘာ ၂၅၊ ၂၀၂၁။ (စနေ)

ဟိုတလောကရန်ကုန်လေဆိပ်မှာAirKBZလေယာဉ်ကိုပျက်ကျအောင်လေဝင်ပေါက်တွေထဲသစ်ရွက်ခြောက်အစအနတွေထည့်ထားပြီးလုပ်ကြံတယ်လို့သတင်းတွေတက်လာတယ်။အဲ့တုန်းကတော့ဘယ်သူတွေဉာဏ်တိမ်ပြီးလုပ်တာပါလိမ့်လို့ပဲတွေးမိတယ်။လေယာဉ်တစ်စင်းကိုပျက်ကျအောင်လုပ်ချင်ရင်လူမသိသူမသိလုပ်လို့ရတဲ့နည်းတွေအများကြီးကိုး။ ဒီနေ့တော့တရားခံတွေမိပြီလို့စစ်ကောင်စီဘက်ကြေငြာလိုက်တယ်။ဖတ်ကြည့်လိုက်တော့စစ်ကောင်စီရဲ့လုပ်နေကျပုံစံအတိုင်းလုပ်ကြံအမှုဆင်ထားတာပါပဲ။လေကြောင်းလိုင်းဝန်ထမ်းတွေကိုတရားခံအဖြစ်စွပ်စွဲထားပြီးအင်ဂျင်နီယာဌာနကမန်နေဂျာအဆင့်ပုဂ္ဂိုလ်တွေလဲပါဝင်လာတယ်။အဲ့ဒီမှာစပြီးယုတ္တိမတန်တာကလေယာဉ်သန့်ရှင်းရေးဝန်ထမ်းကမန်နေဂျာကိုလုပ်ခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်ပဲ။အဲ့ဒီမှာတင်လုံးဝအဓိပ္ပါယ်မရှိတော့ဘူး။တခြားမဖြစ်နိုင်တဲ့အချက်အလက်များစွာရှိသေးတယ်။အံသြဖို့ကောင်းတာကနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဘက်ကဘာသံမှထွက်မလာတာပဲ။အားလုံးဟာစစ်ကောင်စီအလိုကျအတိုင်းပဲဖြစ်သွားတယ်ထင်ပါတယ်။ အလားတူဖြစ်ရပ်မျိုးပြီးခဲ့တဲ့တပတ်လောက်ကဧရာဝတီဘဏ်မှာလဲဖြစ်ခဲ့သေးတယ်။ပဲခူးမြို့နားမှာဘဏ်ငွေပို့ကားဓားမြတိုက်ခံရတယ်လို့သိန်းလေးသောင်းခန့်ပါသွားတယ်။တရက်တောင်မကူးပဲတရားခံမိတယ်ဆိုပြီးPDF တွေကိုလွှဲချတယ်။တကယ်တမ်းကစစ်ကောင်စီကပဲဇတ်လမ်းရိုက်သွားတာ။ CNNသတင်းထောက်လာတုန်းကရန်ကုန်ကကိုယ့်ကုန်တိုက်နှစ်ခုကိုယ့်ဘာသာကိုယ်မီးရှို့ပြီးပြည်သူကိုလွှဲချကတည်းကစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကဘယ်သူမှမယုံကြတော့ပါဘူး။

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၁။ (သောကြာ)

စစ်ကိုင်းတိုင်းအထက်ပိုင်းကောလင်း၊ဝန်းသို၊ပင်လယ်ဘူးဒေသတွေကဒီနှစ်ရက်တာကာလတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားလေးဆယ်ခန့်ဘဝကူးသွားပီးလက်နက်ခဲယမ်းများစွာကိုPDFတွေသိမ်းဆည်းနိုင်ခဲ့တယ်။ပီးခဲ့တဲ့တပတ်လောက်ကတိုက်ပွဲတွေမှာလဲစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့NUGကသတင်းထုတ်ပြန်ထားတော့ရက်ပိုင်းအတွင်းရှစ်ဆယ်ခန့်ဘဝကူးသွားတဲ့သဘောပဲ။ NUGရဲ့သတင်းထုတ်ပြန်ချက်အရဒေသခံPDFတွေဟာKIAရဲ့ကြီးကြပ်မှုနဲ့တိုက်ပွဲဝင်ကြတယ်လို့ပြောတယ်။တချို့ကလဲNUGလက်အောက်ကPDFတပ်ဖွဲ့တွေလို့ပြောကြတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်စပ်မှာအရင်လတွေထဲကစစ်သူပုန်တွေကိုငရဲပို့ပေးနေကြတာ။တခါပို့ရင်အနည်းဆုံးနှစ်ဆယ်၊သုံးဆယ်ပါတယ်။ဒါပေမယ့်စစ်ကောင်စီကအဲ့ဒီဒေသကိုဘာကြောင့်မှန်းမသိအာရုံသိပ်မရဘူး။အဲဒီဘက်မှာရွာလုံးကျွတ်ထွက်ပြေးရတဲ့သတင်းတွေ၊စစ်ရှောင်တွေရျိတယ်လို့မကြားမိသေးဘူး။ သူတို့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းကိုပဲအသေအလဲဖိနေကြတာ။ခုတော့ကောင်းကောင်းခံလိုက်ရပြီပေါ့။

Read moreDetails

စက်တင်ဘာ ၂၃၊ ၂၀၂၁။ (ကြာသပတေး)

စစ်ကောင်စီကချင်းပြည်နယ်တစ်ခုလုံးကို(မြို့တော်ဟားခါးမှအပ)အင်တာနက်ဖြတ်တောက်လိုက်ပြန်ပြီ။မကွေးတိုင်းထဲကဂန့်ဂေါ်၊ထီးလင်းနဲ့မြိုင်မြို့နယ်လေးတွေပါပါတယ်။စစ်ကိုင်းတိုင်းအနောက်ပိုင်းတခြမ်းလုံးနဲ့ချင်းပြည်နယ်ကိုစစ်ကောင်စီဟာမထိန်းနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီ။ ဒီနေ့ဆိုစစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာနားမှာပဲစစ်ကားတွေမိုင်းခွဲတိုက်ခိုက်ခံလိုက်ရတယ်။အရင်နေ့တွေကတည်းကမုံရွာမှာစစ်တပ်ရဲ့စီးပွားရေးတွေဖြစ်တဲ့Mytelတာဝါတိုင်တွေနဲ့မြန်မာဘီယာဂိုထောင်တွေတိုက်ခိုက်ဖျက်စီးခံလိုက်ရသေးတယ်။တော်လှန်ရေးမီးပွားဟာမုံရွာထိစင်လာတဲ့သဘောပဲ။ဒါတောင်အဲ့ဒီနယ်ကချောင်ဦးမြို့နယ်PDFဆိုမကြာမကြာစခန်းကိုဝင်စီးပြီးလက်နက်တွေအသိမ်းခံနေရလို့။မဟုတ်ရင်ဒီထက်ပိုပြီးစောစောစီးစီးလက်သံပြောင်နိုင်မှာ။

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၁။ (တနင်္လာ)

တိုက်ပွဲတွေကြောင့်အထူးသဖြင့်စစ်ကောင်စီရဲ့လက်နက်ကြီးရန်ကိုကြောက်လို့ ထန်တလန် တစ်မြို့လုံးဒီနေ့က စစစ်ဘေးရှောင်နေကြပြီ။ အများစုကတော့အိန္ဒိယဘက်ပြေးကြတယ်။ ဟိုဘက်က အိန္ဒိယပြည်နယ်အစိုးရကကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးလို့တော်သေးတယ်။ NUG ကတော့ အခွန်ဥပဒေကိုပြဌာန်းပြီး သူ့ရဲ့ဘက်ဂျက်လိုအပ်ချက်ကို အလုံးအရင်း ဖြည့်ဆည်းဖို့ စတင်ခြေလှမ်းလိုက်ပြီ။ ဥပဒေရဲ့လိုရင်းကတော့ ပြည်တွင်းကလုပ်ငန်းရှင်ကြီးတွေဆီက အခွန်ရအောင် ကြိုးစားတာပဲ။ NUG ကပြီးခဲ့တဲ့ရက်ပိုင်းကပြောထားတဲ့ရံပုံငွေ...

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၁။ (တနင်္ဂနွေ)

ချင်းပြည်နယ်မှာ မြို့တွင်းပြောက်ကျားတိုက်ပွဲတွေ အတော်ပြင်းထန်နေတယ်။ အထူးသဖြင့်ဟားခါးနဲ့ ထန်တလန်မြို့တွေမှာပေါ့။ ထန်တလန်မှာဆို စစ်သူပုန်တွေဘက်က ၃၀ ခန့်အထိ ထိခိုက်သေ ဆုံးမှုရှိတယ်။ စစ်သူပုန်တွေဟာ သူတို့အထိနာနေလို့မြို့ထဲကို လက်နက်ကြီးတွေရမ်းသန်းပစ်ကြတယ်။ ထိုပစ်ခတ်မှုကြောင့်အိမ်ခြေ ၁၀ လုံးကျော်မီးလောင်ဆုံးရှုံးသွားတယ်။ မီးငြိမ်းသတ်မယ့်သူတွေနဲ့ မီးသတ် ကားတွေကိုလဲပစ်ခတ်လို့ထိခိုက်တဲ့အိမ်တွေများသွားတာ။...

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၁။ (စနေ)

စစ်ခါင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့စည်းရုံးရေးခရီးစဥ်အဖြစ် မြစ်ကြီးနားကနေ ပူတာအိုကို ဆက်သွားဖို့စီစဥ်ထားပေမယ့်လည်း KIA ကပိတ်ဆို့ထားမှုကြောင့် မသွားရဲတော့ဘဲ ခရီးစဥ်ဖျက်သိမ်း လိုက်တယ်။ သူ့အတွက်အတော်ရှက်ဖို့ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ လဲရှက်ရကောင်းမှန်းသိမှာ မဟုတ်ပါ ဘူး။ မြစ်ကြီးနားမှာရှိနေစဥ်အတောအတွင်းမှာတောင် ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေ ဖျက်ထား သေးတယ်တဲ့။ တကယ့်ကြောင်ချီးပဲ။ ချင်းပြည်နယ်မှာလည်း...

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၁။ (သောကြာ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီရက်ပိုင်းမှာ ပြင်ဦးလွင်နဲ့မြစ်ကြီးနားကိုသွားပြီး တပ်တွင်း စည်းရုံးရေးဆင်းနေရတယ်။ ပြောတဲ့စကားတွေကလည်း ကလေးကလားစကားတွေချည်းပဲ။ သူ့တပ်က သူ့ကိုပြန်ပုန်ကန်တော့မှာစိုးရိမ်နေပြီ။ တပ်CDM တွေလည်း တဖြည်းဖြည်းများလာပြီလေ။ အာဏာ သိမ်းပြီးကတည်းက တစ်နိုင်ငံလုံးမှာတပ်ဖြန့်ထားရတော့ သူ့တပ်တွေလဲတချက်မှမနားရသေးဘူး။ ဒီချိန်မှ ပိုတောင့်ခံနိုင်တဲ့သူဘက်ကအရေးသာလာမှာပဲ။  

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၁။ (ကြာသပတေး)

ရန်ကုန်ကမြို့နယ်တော်တော်များများမှာလည်း လူဖမ်းပွဲတွေဆက်တိုက်လုပ်နေတယ်။ ဒီတပတ် အတွင်းမှာပဲ လူငယ်အယောက်ငါးဆယ်လောက် ခွေးဆွဲခံရတယ်လို့ကြားတယ်။ NUG က D DAY ခေါ်ပြီး နောက်ပိုင်းစစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာမဲမဲမြင်ရာလျောက်ရမ်းနေတယ်။ LOCAL PDF တွေ အဖိခံရတယ်။ မြို့ပေါ်မှာလည်း ပိတ်ဆို့စစ်ဆေးနေတာကြောင့် သပိတ်စစ်ကြောင်းတွေ...

Read moreDetails
Page 154 of 178 1 153 154 155 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist