စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသိန်း၂၀၀ ကျော်တဲ့ငွေပေးချေမှုတိုင်းကို Digital money နဲ့ပေးချေရမယ်လို့သတ်မှတ်လိုက်တယ်။သိန်းနှစ်ရာဆိုတဲ့ပမာဏကတကယ်လုပ်နေတဲ့စီးပွားရေးသမားတွေအတွက်ဘာမှရှိတာမဟုတ်ဘူး။ထိုသတ်မှတ်ချက်ကြောင့်အရောင်းအဝယ်တွေအတွက်ငွေပေးငွေယူခြင်းတွေမှာပြသာနာတွေတက်ကုန်တယ်။
ဗဟိုဘဏ်မှာငွေသားမရှိတော့တာပိုသိသာလာတယ်။လူတိုင်းဟာဘဏ်တွေကိုအယုံအကြည်မရှိတော့တဲ့အတွက်အွန်လိုင်းဘဏ်စနစ်ကိုလဲမသုံးတော့ပဲငွေသားကိုင်သုံးဖို့ပဲကြိုးစားလာကြတယ်။ဗဟိုဘဏ်ကလဲဆက်တိုက်တလွဲတွေပဲလုပ်နေတဲ့အတွက်စီးပွားရေးသမားတွေတောင်လုပ်ရကိုင်ရခက်ခဲလာပြီ။