နိုင်ငံတဝန်းကနေပြည်တော်၊မိတ္ထီလာ၊မေမြို့၊မော်လမြိုင်စတဲ့မြို့ကြီးတွေမှာစစ်တပ်ထောက်ခံပွဲတွေတပြိုင်နက်ထလုပ်ကြတယ်။ဘယ်သူတွေထောက်ခံလဲလို့ကြည့်လိုက်တော့စစ်တပ်ထဲကစစ်သားတွေအရပ်ဝတ်လဲပြီးထောက်ခံကြတာ။လုံခြုံရေးလဲအများအပြားယူထားကြသေးတယ်။ဒါတောင်မိတ္ထီလာပွဲမှာဗုံးပေါက်ဘို့ထိခိုက်မှုတွေရှိသေးတယ်။
စစ်တပ်ဟာဘယ်ပြည်သူမှမထောက်ခံတော့ကိုယ်ဘာသာကိုယ်ထောက်ခံနေရတဲ့အဆင့်ရောက်နေပြီ။
ပြည်တွင်းမှာတင်မကပဲနိုင်ငံတကာမှာလဲထောက်ခံသူမရှိအထီးကျန်ဆန်နေပြီ။အမေရိကန်ကဖိအားပေးလို့ပြည်ပမှာရှိတဲ့(အထူးသဖြင့်စင်ကာပူ)စစ်ခေါင်းဆောင်တွေရဲ့ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့စီစဥ်နေပြီ။တကယ်သာဖြစ်လာရင်စစ်ခေါင်းဆောင်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပဲ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...