ချင်းပြည်နယ်၊ထန်တလန်မြို့လေးတော့မီးလောင်တိုက်အသွင်းခံလိုက်ရပြီ။ဒီနေ့မနက်ပိုင်းမှာမြို့ထဲပစ်ခတ်မှုတွေဖြစ်ပွားပြီးစစ်သူပုန်တွေဘက်ကသေဆုံးမှုတွေရှိလို့စစ်တပ်ကမြို့ထဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာကမီးလောင်မှုတွေဖြစ်ပွားလာတယ်။မြို့လဲမှာလဲလူမရှိတဲ့အပြင်မီးငြိမ်းသတ်မယ့်သူတွေကိုလဲစစ်တပ်ကပစ်ခတ်နေတာကြောင့်မီးဟာပိုကြီးလာတယ်။မနက်၁၀နာရီလောက်ကနေညထိလောင်ကျွမ်းနေတဲ့အတွက်အိမ်ခြေနှစ်ရာကျော်မြို့တဝက်လောက်နီးပါးမီးထဲပါသွားတယ်။
ချင်းပြည်နယ်လိုတောင်ထူထပ်တဲ့နေရာမျိုးမှာအိမ်ဆောက်ရမလွယ်ပါဘူး။ဆောက်ရတာခက်ခဲတဲ့အပြင်အစစအရာရာစျေးကြီးသေးတယ်။အခုတော့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုစစ်သူပုန်တွေအရသာခံပြီးမီးလောင်တိုက်သွင်းလိုက်ပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...