ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားငါးထောင်ကျော်ကိုစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တယ်။အထူးသဖြင့်ဆန္ဒတွေပြကြတုန်းကတနိုင်ငံလုံးအနှံံ့ဖမ်းဆီးခံထားရတဲ့လူငယ်တွေပေါ့။လွှတ်ပေးတဲ့စာရင်းတွေထဲမှာနာမည်ကြီးအနုပညာရှင်တွေပါဝင်လာတယ်လို့လဲသတင်းတွေကြားနေရတယ်။အတိအကျကတော့မနက်ဖြန်မှသိမှာပဲ။
အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရတော့တဲ့မင်းအောင်လှိုင်ဟာနိုင်ငံတကာကိုမျက်နှာရလိုရညားမတရားဖမ်းဆီးထားတဲ့သူတွေကိုလွှတ်ပေးခြင်းသာဖြစ်တယ်။အစကတည်းကမတရားဖမ်းဆီးခံရတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စရာအကြောင်းလုံးဝမရှိဘူး။ခုလွတ်ပေးတဲ့သူတွေထဲမှာထိပ်သီးခေါင်းဆောင်တွေပါလာတာလဲမဟုတ်ဘူး။အဲ့ဒီတော့တော်လှန်ရေးမှာဘာမှအကျိုးသက်ရောက်မှုမရှိဘူး။