ဒီနေ့သီတင်းကျွတ်လပြည့်နေ့ကိုရွှေတိဂုံဘုရားမှာလူတွေခြေချစရာနေရာမရှိအောင်များပြားနေတယ်။ချောင်းသာ၊ငွေဆောင်စတဲ့ကမ်းခြေတွေမှာလဲဟိုတယ်တွေဘိုကင်အပြည့်ဆိုပဲ။ဆိုရှယ်မီဒီယာတွေပေါ်မှာတော့မြို့ပေါ်ကလူတွေသွေးအေးကုန်ကြပြီ၊အပျော်အပါးမက်နေကြတယ်၊တောထဲမှာတိုက်ပွဲဝင်နေတဲ့ကလေးတွေကိုအားမနာကြဘူးစသဖြင့်ဆူပူကြိမ်းမောင်းတဲ့သူတွေကတဖက်၊ဘုရားပေါ်ကသူတွေကိုကာကွယ်ပြောဆိုနေသူတွေကတဖက်နဲ့ပွဲစည်ကုန်ကြတယ်။
တကယ်ကဘယ်သူမှမှားတယ်လို့မထင်ပါဘူး။ဒီကာလမှာဘယ်သူမဆိုစိတ်ဖိစီးမှုကအနည်းနဲ့အများတော့ရှိမှာပဲ။အဲ့ဒီအခါကျကိုယ်စီစိတ်လွတ်လပ်မှုရှာကြမှာပဲ။ကိုယ့်အမြင်ပြောရရင်တော့ကမ်းခြေနဲ့ဘုရားဘယ်ပဲသွားသွားအပြစ်တစ်ခုမဟုတ်ဘူး။ဒါပေမယ့်အပျော်ခရီးတွေကဓာတ်ပုံတွေတော့ဆိုရှယ်မီဒီယာတွေပေါ်မှာမတင်သင့်ဘူး။တော်လှန်ရေးကိုအသက်ပါပေးပြီးလုပ်နေတဲ့သူတွေကိုကိုယ်ချင်းစာသောအားဖြင့်ပေါ့။လူတိုင်းဟာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။