ရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်အနီးရှိတောင်ဟိန်းတောင်ဗျူဟာကုန်းကိုအေအေကသိမ်းပိုက်လိုက်ပါတယ်။ထိုဗျူဟာကုန်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကာပေးထားတဲ့စခန်းကြီးတစ်ခုဖြစ်ပြီးအင်အား၆၀၀ ကျော်တပ်စွဲထားတာပါ။ထိုစခန်းကျသွားပြီးနောက်အေအေဟာအမ်းမြို့နယ်ကိုကောင်းကောင်းခြိမ်းခြောက်နိုင်သွားပါပြီ။အခုနွေဦးတော်လှန်ရေးမှာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်တွေ၊ကွပ်ကဲမှုဌာနချုပ်တွေအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်တိုင်းစစ်ဌာနချုပ်တစ်ခုမှတော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်မကျရောက်သေးပါဘူး။ဒီပုံအတိုင်းဆိုရခိုင်ပြည်နယ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပထမဆုံးစျေးဦးပေါက်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့ဆီချီတက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေါနတောင်ပေါ်ကိုတော့ရောက်ရှိနေပါပြီ။ဒါပေမယ့်KNUရဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေမှုကြောင့်အကျအဆုံးရာဂဏန်းခန့်ရှိနေတယ်။သံချပ်ကာကားတွေအပါအဝင်အခြားစစ်သုံးယာဥ်များစွာကိုလဲဆုံးရှုံးထားသေးတယ်။ဒါပေမယ့်လဲစစ်တပ်ဘက်ကထိုစစ်ကြောင်းကိုအင်အားထပ်ဖြည့်နေတယ်လို့သိရတယ်။မြဝတီကိုရောက်ဖို့ကတော့လက်ရှိအခြေအနေအရသူတို့အတွက်မလွယ်သေးပါဘူး။
Read moreDetailsလက်ရှိနွေရာသီမှာအပူချိန်မြင့်တက်မှုတွေတနိုင်ငံလုံးတောက်လျှောက်ဖြစ်ပေါ်နေပါတယ်။ဘယ်လောက်တောင်ဆိုးနေလဲဆိုရင်တကမ္ဘာလုံးကအပူချိန်အမြင့်ဆုံးမြို့တွေမှာမြန်မာနိုင်ငံကမြို့တွေအများအပြားပါဝင်လာတယ်။မြန်မာနိုင်ငံအလယ်ပိုင်းကချောက်မြို့နယ်ဆိုရင်အပူချိန်၄၈ဒီဂရီခန့်ဖြ်နေပြီးထိပ်ဆုံးမှာရပ်တည်နေတယ်။ဒီနှစ်ဟာအယ်နီညိုနှစ်ဖြစ်တာလဲပါတာပေါ့။ တခြားနိုင်ငံတွေမှာအပူချိန်မြင့်တက်တာသိပ်မသိသာပေမယ့်ဒီနိုင်ငံမှာတော့လျှပ်စစ်မီးပြတ်တောက်မှုကြောင့်အခြေအနေတွေပိုမိုဆိုးရွားလာနေပါတယ်။သာမန်ပြည်သူတွေမှာအပြင်မှာနေပူလို့အိမ်ထဲမှာပဲနေမယ်ဆိုရင်တောင်မီးမလာလို့အိမ်မှာလဲသက်တောင့်သက်သာမနေနိုင်တဲ့အခြေအနေပါ။မိုးရာသီဟာလဲဇွန်လလောက်မှစမှာဖြစ်တဲ့အတွက်လာမယ့်မေလတလလုံးထိုအပူအချိန်ကိုခါးစည်းခံကြရပါဦးမယ်။တကယ့်ကိုမတွေးရဲစရာအခြေအနေတစ်ခုပါပဲ။
Read moreDetailsသင်္ကြန်ကာလအပြီး စစ်ကောင်စီက စစ်မှုထမ်းဖို့အင်အားစုဆောင်းတာတွေ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။ရန်ကုန်တိုင်းမှာတော့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ဧပြီ ၁၈ ရက်က စတင်ကာ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ပြန်လည်ကောက်ယူနေတယ်။ စစ်ကောင်စီဟာတပ်သားအဖြစ် စစ်မှုထမ်းဖို့ ပထမအပါတ်စဉ်အတွက် မတ်လ ၂၉ ရက်မှာ...
Read moreDetailsပူပြင်းခြောက်သွေ့တဲနွေရာသီရောက်လာပြီဆိုတော့တနိုင်ငံလုံးမှာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေပိုမိုဆိုးရွားလာနေပါတယ်။ဒီပြသာနာဟာအာဏာသိမ်းပြီးနောက်နှစ်တိုင်းဖြစ်နေကြပါပဲ။ဒါပေမယ့်ဒီနှစ်မှာပိုဆိုးလာတယ်။အရင်နှစ်တွေကသင်္ကြန်ပီးမှဒီပြသာနာကိုကြုံရပေမယ့်ဒီနှစ်မှာတော့သင်္ကြန်မတိုင်ခင်မှာပဲစဖြစ်နေပြီးဒီရက်ပိုင်းမှာပိုမိုဆိုးရွားလာတယ်။ရန်ကုန်မှာဆိုညသန်းခေါင်အချိန်ကြီးတွေတောင်မီးတွေပျက်နေပြီးမန္တလေးမှာလဲတစ်နေ့မှလေးနာရီလောက်သာလျှပ်စစ်မီးရတော့တယ်။စာရင်းဇယားများအရမြန်မာနိုင်ငံမှာမဂ္ဂဝပ်၅၀၀၀ခန့်လိုအပ်နေပေမယ့်စစ်ကောင်စီလက်ထက်မှာ၂၅၀၀ခန့်သာထုတ်လုပ်ပေးနိုင်တော့တာပါ။နေ့ဘက်တွေမီးပျက်တာကနေလို့ရပေမယ့်အိပ်ချိန်တွေဖြစ်တဲ့ညသန်းခေါင်ချိန်တွေမှာပါမီးပျက်တာအတော်ဆိုးပါတယ်။အဲကွန်းဖွင့်မရ၊ပန်ကာတောင်ဖွင့်အိပ်မရပဲအတော်ဒုက္ခရောက်ကြရတယ်။တကယ့်လောကငရဲကိုရောက်နေသလိုပါပဲ။မင်းအောင်လှိုင်ပေးတဲ့ဒုက္ခတွေကတော့စာဖွဲ့မကုန်ပါဘူး။
Read moreDetailsကရင်ပြည်နယ်၊မြဝတီမြို့ဘက်ကသတင်းတွေကိုလူအများအာရုံစိုက်နေဆဲမှာပဲကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေဘက်မှာစစ်ရေးအရှိန်သိသိသာသာလျော့ကျသွားတယ်။ရခိုင်ပြည်နယ်မှာဆိုရင်ပြီးခဲ့တဲ့မတ်လရသေ့တောင်မြို့ကိုသိမ်းပြီးကတည်းကလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ဘူး။တချို့ကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာရခိုင်ပြည်နယ်တောင်ပိုင်းကိုထိုးစစ်စဖို့အားယူနေတယ်လို့ယူဆကြသလိုတချို့ကတော့အေအေတို့စစ်ပန်းနေပြီလို့ထင်ကြေးပေးကြတယ်။ကချင်ပြည်နယ်မှာလဲKIAဟာဒီလထဲနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်ကိုသိမ်းပြီးတဲ့နောက်ဘာသံမှသိပ်မကြားရတော့ဘူး။ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်EAOကြီးတွေတောင်စစ်တပ်ကိုတကယ်တိုက်ရင်တလထပ်ပိုပြီးတိုက်နိုင်ဖို့မလွယ်ကူဘူးလို့ကောက်ချက်ချလို့ရတယ်။ မကြာမီမိုးရာသီကိုကျရောက်လာပါတော့မယ်။မြန်မာပြည်ရဲ့မိုးရာသီဟာပြင်းထန်တာကြောင့်မိုးတွင်းမှာဘယ်ဘက်ကမှာတိုက်ပွဲတွေဖော်ဆောင်လေ့မရှိပဲအင်အားစုဆောင်းကြတယ်။ဒါ့ကြောင့်ဒီနောက်ပိုင်းလတွေထဲစစ်ရေးအခြေအနေထူးခြားမှုသိပ်ရှိတော့မယ်မထင်ဘူး။
Read moreDetailsရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရတယ်။ဘူးသီးတောင်မြို့မှာ စစ်ကောင်စီတပ်ရင်း ၁၂ ခု နှင့် ရဲတပ်ရင်း ၁၀ ခုကျော်ရှိပြီး တပ်မ ဗျူဟာ...
Read moreDetailsနယ်စပ်တံတားအောက်မှာခိုလှုံနေတဲ့မြဝတီမြို့စောင့်တပ်ခလရ၂၇၅ဟာသူတို့စွန့်ခွာခဲ့တဲ့တပ်ရင်းနေရာမှာပြန်တပ်စွဲထားတဲ့ပုံတွေထုတ်ပြန်ပြီးစစ်ကောင်စီကထိုတပ်ရင်းကိုပြန်ရပြီလို့ဝါဒဖြန့်နေတယ်။ထိုသတင်းကြောင့်တော်လှန်ရေးအဖွဲ့တွေဘက်မှာသို့လောသို့လောတွေဖြစ်ကုန်ကြတယ်။KNUကထိုတပ်ရင်းကိုအသေခံတိုက်ပြီးအလွယ်တကူပြန်ပေးလိုက်ရတယ်ဆိုတော့ခံပြင်းကြတာပေါ့။တချို့တွေဆိုKNUကိုဆဲတောင်ဆဲကြသေးတယ်။တကယ်လဲထိုတပ်ရင်းကိုစစ်ကောင်စီတပ်ဖွဲ့တွေပြန်လာခဲ့ပါတယ်။ထိုတပ်ဖွဲ့တွေကိုBGFကလုံခြုံရေးယူပြီခေါ်လာတာဖြစ်တယ်။တကယ်ကဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်အလံတင်ပြီးပြန်ဆုတ်သွားကြတာပါ။မြဝတီမြို့ရဲ့လက်ရှိအခြေအနေကအဲ့ဒီလိုပါ။ကြားထဲမှာBGFကခြံစည်းရိုးခွထိုင်ပြီးခြေရှုပ်နေတယ်။အခုလောလောဆယ်တော့မြဝတီမြို့မှာစစ်ကောင်စီရောKNUပါရှိမနေပဲBGFကပဲဆက်လက်ထိန်းချုပ်ထားတယ်။စစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဲအခုချိန်ထိဒေါနတောင်ခြေမှာပဲရှိနေဆဲပဲ။
Read moreDetailsမနေ့ကမန္တလေးက တံတားဦးလေတပ်စခန်းရှော့တိုက်ဒုန်းနဲ့ အပစ်ခံရပြန်တယ်။ ဒီရက်တွေထဲ စစ်ကောင်စီရဲ့အဓိကနေရာတွေ၊ လေတပ်စခန်းတွေကိုရှော့တိုက်ဒုန်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာတာကိုတွေ့ရတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်တော်လှန်ရေးမှာ နေရှင်းဝှိုက်ဗျူဟာမဟုတ်ပဲ တော်လှန်ရေးကို ရုတ်ချည်းပြောင်းလဲသွားစေနိုင်တဲ့ ဗျူဟာကျစစ်ဆင်ရေးတွေရှိနေတယ်လိုထင်မိတယ်။ NUG ERO တွေ ဒီအပိုင်းကို ဗျူဟာကျကျ ချဥ်းကပ်နေကြလားမသိဘူး။...
Read moreDetailsမြဝတီမြို့၊ထိုင်းမြန်မာနယ်စပ်တံတားအနီးမှာ တပ်စွဲထားတဲ့စစ်သူပုန်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ၉ရက်နေ့ညကစပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထိုနေ့ညက ဒရုန်းတွေနဲ့ဗုံးကြဲစတင်တိုက်ခိုက်ခဲ့ပြီးနောက် ၃၆နာရီကြာအောင် ထိုနေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်လဲ တနေကုန်လေကြောင်းကနေ ဗုံးအလုံးပေါင်းရာနဲ့ချီပြီး ကြဲချကာခုခံခဲ့တယ်။ စစ်ကောင်စီရဲ့လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်မှုကြောင့် သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းဘက်အခြမ်းမှာ ထိုင်းစစ်တပ်ကလုံခြုံရေးအပြည့်ယူထားရတယ်။ ဒေသခံပြည်သူ၃၀၀၀ခန့်ဟာလဲ မြစ်ကိုဖြတ်ကူးကာ...
Read moreDetailsနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆုံးရှုံးလိုက်ရတာဟာစစ်ကောင်စီကို အများကြီးနစ်နာစေပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာပြည်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ကုန်သွယ်တဲ့ မူဆယ်နဲ့ထိုင်းနဲ့ ကုန်သွယ်တဲ့ မြဝတီစခန်းတို့ကို လက်လွတ်ထားရတယ်။ ထိုစခန်းနှစ်ခုဟာ စစ်ကောင်စီကို အခွန်ငွေအများအပြားရှာပေးနေတာပါ။ စစ်ကောင်စီဘက်မှာ ဝင်ငွေထိခိုက်သလိုပဲ ပြည်သူတွေဘက်မှာလဲ ထိခိုက်နစ်နာမှုတွေအများရှိနေတယ်။ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံဟာ...
Read moreDetailsYou can copy without credits to our site. We Need Freedom.