ဒီနေ့ဟာ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တဲ့တစ်နှစ်မြောက်နှစ်ပတ်လည်ပါ။ဒီနေ့မှာတော့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဘာထူးခြားမှုမှမရှိပေမယ့်စစ်ကောင်စီကတော့လားရှိုးအပါအဝင်ရှမ်းမြောက်ကမြို့ကြီးတွေကိုလေကြောင်းကဗုံးကြဲတိုက်ခိုက်နေပါတယ်။
တကယ်တော့ဒီနေ့ဟာမြန်မာ့သမိုင်းမှာသမိုင်းဝင်မယ့်နေတစ်နေ့ဖြစ်လာမှာပါ။မနှစ်ကဒီနေ့မတိုင်ခင်ကနွေဦးတော်လှန်ရေးဟာအီလည်လည်ကြီးဖြစ်နေခဲ့တယ်။စစ်ကောင်စီတပ်ကိုဒေသအလိုက်တိုက်ခိုက်မှုတွေရှိနေခဲ့ပေမယ့်မဟာဗျူဟာမြောက်ထိုးစစ်ကြီးတွေမပြုလုပ်နိုင်တာကြောင့်တော်လှန်ရေးရဲ့အခြေအနေဟာ၃နှစ်ခန့်ကြာသည့်တိုင်အောင်ဘာမှန်းမသိခဲ့ဘူး။၁၀၂၇စစ်ဆင်ရေးပေါ်ပေါက်လာပြီးနောက်စစ်တပ်ရဲ့အနေအထားကိုပြည်တွင်းရောပြည်ပကပါကောင်းကောင်းသိရှိသွားကြတယ်။ပြည်ပနိုင်ငံတွေဆိုရင်ဒီပွဲမှာနောက်ဆုံးတော့စစ်တပ်ပဲနိုင်သွားမှာပါလို့မှတ်ချက်ပေးခဲ့ရာကနေစစ်တပ်ပြိုကွဲသွားရင်ဘာတွေဆက်ဖြစ်လာမလဲလို့ပြောလာကြပြီဖြစ်တယ်။ပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်ဖို့မျှော်လင့်ချက်တွေတောက်ပလာပါတယ်။လက်ရှိအချိန်ထိလဲတော်လှန်ရေးဟာအရှိန်တစ်ခုနဲ့ဆက်သွားနေပါတယ်။ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့အားလုံးဝိုင်းဝန်းကြိုးစားလုပ်ဆောင်နေကြတယ်။