ရှမ်းမြောက်မှာတိုက်ပွဲဝင်နေတဲ့ဗမာတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့BPLAတပ်ဖွဲ့ဟာမြန်မာပြည်မထဲပြန်ဝင်လာတော့မယ်လို့ကြေညာလိုက်ပါတယ်။ထိုတပ်ဖွဲ့ဟာကဗျာဆရာမောင်ဆောင်းခဦးဆောင်ပြီးအင်အားထောင်ချီရှိတယ်။ရှမ်းမြောက်ကတိုက်ပွဲတွေမှာMNDAAအောက်ကနေပြီးပါဝင်တိုက်ခိုက်ခဲ့ပြီးစစ်ရေးအတွေ့အကြုံအများအပြားရရှိခဲ့တယ်။အခုMNDAAကထိုးစစ်တွေရပ်နားထားတဲ့အတွက်ပြည်မကိုပြန်ဆင်းလာတာပါ။
BPLAတပ်ဖွဲ့ရဲ့အင်အားနဲ့စစ်ရေးအတွေ့အကြုံတွေအရစစ်ကိုင်းအပါအဝင်ပြည်မကတော်လှန်ရေးတပ်ဖွဲ့တွေကိုအထောက်အကူတစ်ခုတော့ဖြစ်စေမှာပါ။လက်ရှိရှမ်းမြောက်မှာတိုက်ပွဲတွေရပ်ထားနေရချိန်စစ်ကောင်စီကိုအနားမပေးဖို့ပြည်မအညာဒေသမှာစစ်ရေးလှုပ်ရှားမှုတွေရှိဖို့လိုလာနေချိန်နဲ့ကွက်တိပါပဲ။