နွေဦးတော်လှန်ရေးအောင်မြင်ဖို့ဆိုရင်တော့ပြောခဲ့တဲ့အချက်တွေကိုမဖြစ်မနေကျော်လွားနိုင်ဖို့လိုပါတယ်။
တရုတ်ရဲ့ဖိအားကိုကျော်လွှားနိုင်ဖို့ဆိုရင်တော့ အခုလတ်တလောမှာပိတ်ဆို့မှုခံနေရတဲ့ဒေသများက ပြည်သူတွေတောင့်ခံနိုင်ဖို့လိုပါတယ်။တရုတ်ရဲ့ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ဘူးဆိုတာပြသနိုင်ရမယ်။ရေရှည်အတွက်ဆိုရင်တော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ အားလုံးစုစည်းညီညွတ်မှရမှာပါ။တရုတ်လိုနိုင်ငံကြီးတစ်ခုရဲ့ဖိအားကို ရင်ဆိုင်ဖို့တော်လှန်ရေးအင်အားစုတွေအကုန် ကျောချင်းကပ်ထားရမယ်။စစ်ရေးမှာတပ်ပေါင်းစုပုံစံလှုပ်ရှားနိုင်ဖို့လိုသလို နိုင်ငံရေးမှာလဲ တော်လှန်ရေးညွန့်ပေါင်းအစိုးရပုံစံမျိုးအထိသွားဖို့လိုပါတယ်။အခုချိန်ထိလူတွေဟာစစ်ရေးတိုးတက်မှုအကြောင်းတွေကိုသာပြောနေကြပြီးနိုင်ငံရေးပိုင်းမှာတိုးတက်မှုမရှိသလောက် ဖြစ်နေတာမျက်ကွယ်ပြုထားသလိုဖြစ်နေတယ်။တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးရောနိုင်ငံရေးမှာပါပူးပေါင်းနိုင်မှ တရုတ်ကိုရင်ဆိုင်နိုင်မှာပါ။
နောက်တစ်ချက်ဖြစ်တဲ့စစ်ကောင်စီရဲ့ အတင်းအကြပ်စစ်မှုထမ်းဥပဒေကို ကျော်လွားဖို့ကစစ်ရေးအရအဆက်မပြတ်ဖိအားပေးဖို့လိုပါမယ်။စစ်ကောင်စီကိုထိုးစစ်တွေဆက်တိုက်ဖော်ဆောင်နေမှ စစ်တပ်ဟာသူ့တပ်ကိုသေချာမတည်ဆောက်နိုင်မှာပါ။အခုတောင်တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်တွေရပ်တန့်နေပါပြီ။နောက်တလှိုင်းကိုမြန်မြန်ဖော်ဆောင်နိုင်မှ စစ်ကောင်စီကိုဖိအားပေးနိုင်မှာပါ။