စက်တင်ဘာလ နောက်ဆုံးပါတ်တွင် စတင်ခဲ့သည့် ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းများကို AAကဆက်တိုက်သိမ်းယူနေပြီး ယခုအခါ တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးအထိရောက်ရှိလာပြီဖြစ်ပါတယ်။ လက်တကမ်းတိုက်ပွဲဖြစ်နေပြီး AAရဲ့ ထိုးစစ်ကို စစ်ကောင်စီဘယ်လိုမှမခံနိုင်တော့ဘူးလို့ သိရတယ်။စစ်တပ်ဘက်ကတော်တော်ကို အထိအခိုက်အကျဆုံးများနေပြီး အရာရှိတွေကို ဟတ်စကီးတွေနဲ့ သယ်ထုတ်သွားတဲ့ သတင်းတွေရထားတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း တော်တော်ဆိုးနေတယ်။ လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး ကိုက် ၁၀၀၀(မိုင်ဝက် ဝန်းကျင်)အကွာအဝေး အထိတိုက်ပွဲတွေရောက်လာနေပြီလို့သိရတယ်။ အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲသည် ဗျူဟာမြောက်လွန်းပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများနေကာ မကြာမီ မြို့ကိုသိမ်းပိုက်နိုင်ဖွယ်ရှိနေပါတယ်။
AAကကို နပခ သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် ကျဆုံးသော စစ်တိုင်းဖြစ် လာမှာဖြစ်တယ်။