နယ်စပ်ဂိတ်တွေပိတ်ဆို့ခံထားရတာကြောင့်ရှမ်းမြောက်ကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့အများစုမှာကုန်ပစ္စည်းတွေစတင်ပြတ်လတ်လာပါပြီ။အဓိကကုန်စည်တွေဖြစ်တဲ့လူသုံးကုန်၊စားသောက်ကုန်၊ဆေးဝါးတွေကအစပြတ်လတ်လာတာပါ။အဆိုးရွားဆုံးကတော့စက်သုံးဆီပါပဲ။စက်သုံးဆီပြတ်လတ်မှုကြောင့်လုပ်ငန်းတွေအတော်များများလဲရပ်ဆိုင်းကုန်တယ်။
ထိုဒေသတွေကိုမြောက်ဘက်မှာတရုတ်နှင့်တောင်ဘက်မှာစစ်ကောင်စီတို့ကနှစ်ဘက်ညှပ်ပြီးပိတ်ဆို့ထားတယ်။အရှေ့ဘက်ကဝဒေသနဲ့ကုန်သွယ်မှုကိုလဲတရုတ်ကတင်းကျပ်စွာတားမြစ်ထားတာကြောင့်ကုန်သွယ်မှုလမ်းကြောင်းတွေအကုန်ပိတ်နေတာပါ။
ထိုကိစ္စကိုဖြေရှင်းဖို့တော်လှန်ရေးအင်အားစုတွေအနေနဲ့အမြန်ဆုံးနည်းလမ်းရှာသင့်တယ်။ပြည်သူတွေကတော့တတ်နိုင်သလောက်တောင့်ခံရမှာပဲ။မဟုတ်ရင်စစ်ကောင်စီနဲ့တရုတ်ကိုဒူးထောက်ရလိမ့်မယ်။