BPLAအဖွဲ့အညာဒေသမှာ အခြေချမယ့်ကိစ္စတော်လှန်ရေးအင်အားစုတွေကြား နှစ်ဖွဲ့ကွဲနေပါတယ်။BPLAဟာNUGလက်အောက်မဝင်ပဲ သီးခြားရပ်တည်သွားမယ်လို့ ပြောထားတာနဲ့ပက်သတ်ပြီးပြသာနာဖြစ်နေတယ်။ဗမာပြည်မမှာNUGကလွဲပြီး အခြားတော်လှန်ရေးအင်အားစုတွေမရှိသင့်ဘူးဆိုတဲ့တစ်ဖွဲ့နဲ့၊ဘယ်သူလာလာဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကို တိုက်ဖို့အရေးကြီးတယ်ဆိုတဲ့တဖွဲ့ သဘောထားကွဲလွဲနေတယ်။ဒီကိစ္စနဲ့ပက်သတ်ပြီးNUGဘက်ကတော့ ဘာမှမှတ်ချက်မပေးသေးပါဘူး။NUGကာကွယ်ရေးဝန်ကြီးနဲ့BPLAခေါင်းဆောင်တို့ နှစ်ဦးကြားရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့လဲသိရတယ်။လက်ရှိအခြေအနေမှာတော့ ဖက်စစ်စစ်တပ်အနားမရရေးသာ အဓိကဖြစ်တယ်လို့ယူဆမိတယ်။
နိုဝင်ဘာ ၀၅၊ ၂၀၂၄။ (အင်္ဂါ)
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်တဲ့ပွဲကို...