အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၂၊ ၂၀၂၄။ (တနင်္ဂနွေ)

ပြည်ပရောက်လုပ်သားတွေရဲ့၃ လစာ လွှဲပို့​ငွေတွေကို အေဂျင်စီတွေမှတဆင့် စစ်​ကောင်စီက တောင်းနေပါတယ်။ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေကနေ နိုင်ငံအလိုက် စေလွှတ် ခဲ့ တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲ ပို့ငွေ အထောက်အထားတွေကို တင်ပြရမယ်လို့ သိရတယ်။ တကယ်လို့မတင်ပြနိုင်ရင် အလုပ်ခေါ်စာအသစ်(Demand Letter)တင်ပြခွင့်ရပ်ဆိုင်းမယ့်အပြင်...

Read moreDetails

စက်တင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)

တရုတ်ရဲ့ဖိအားတွေကြောင့်နဲ့ ရေဘေးကြောင့် တနိုင်ငံလုံးမှာတိုက်ပွဲတွေ ခေတ္တရပ်တန့်သလို ဖြစ်သွားတယ်။စစ်ကောင်စီအတွက်တော့ အသက်ရှူချောင်သွားတာပေါ့။ဒါပေမယ့် TLNAက တောင်ခမ်းနဲ့သီပေါမြို့ကို အပြီးသတ်ရရှိရေး ဆက်လက်တိုက်ခိုက်နေသလို ကချင်ပြည်နယ်မှာလဲKIAနဲ့စစ်တပ်တို့ ကျောက်စိမ်းထွက်ရှိရာဖားကန့်မြို့မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်။ဒါ့အပြင် ဧရာဝတီမြစ်အထက်ပိုင်းမှာမြစ်ကြောင်းကို အသုံးပြုပြီး စစ်တပ်ကလက်နက်နဲ့ရိက္ခါတွေ ပို့ဆောင်နေတာကြောင့် ထိုစစ်ရေယာဥ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေ...

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၄။ (သောကြာ)

MNDAAက ထုတ်တဲ့စာနဲ့ပတ်သက်ပြီး တချက်ချင်းဆီသုံးသပ်ရရင်တော့ NUGနဲ့မပတ်သတ်ဘူးလို့ပြောတာဟာ တရုတ်အလိုကျပြောရတာပါ။တကယ်မြေပြင်မှာNUGနဲ့ ပတ်သတ်ဆက်နွယ်မှုတွေ အများကြီးရှိနေပါတယ်။အနည်းဆုံးတော့ NUGကMNDAAကို လူအင်အားထောက်ပံပေးထားပြီးMNDAAက NUGကိုလက်နက်အင်အား ပြန်ထောက်ပံပေးထားပါတယ်။စစ်ရေး၊နိုင်ငံရေး သဘောတူညီချက်တွေလဲရှိထားတယ်လို့ သိရတယ်။ဒါပေမယ့်တရုတ်က မပတ်သတ်စေချင်ဘူးဆိုတော့လဲ တရုတ်အလိုကျစာထုတ်ပေးလိုက်တဲ့သဘောပါပဲ။ မန္တလေးနဲ့တောင်ကြီးကို မတိုက်ဘူးဆိုတာကလဲ ထိုမြို့တွေMNDAAကတိုက်ခိုက်မယ်လို့ ဘယ်တုန်းကမှာပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ပြီးတော့MNDAAရဲ့ အဓိကခြေကုတ်နယ်မြေဟာ...

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၄။ (ကြာသပတေး)

မနေ့ကMNDAAရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာပါပြီ။MNDAAက တော်လှန်ရေးကို ကျောခိုင်းသွားပြီဆိုတာကတဖွဲ့၊ဒီလောက်ကူတိုက်ပေးနေတာတောင် တော်လှပြီဆိုတာကတဖွဲ့၊စောင့်ကြည့်ပါဦးဆိုတာ​က တဖွဲ့စသဖြင့် တုန့်ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာတယ်။MNDAAဟာ လားရှိုးမြို့ကိုတောင်သိမ်းပိုက်ထားနိုင်တဲ့အဖွဲ့ဖြစ်ပြီး တရုတ်ရဲ့ကြီးမားတဲ့ဖိအားကြောင့်သာ အခုလိုထုတ်ပြန်လာရတာဖြစ်တယ်။ဒီကြေညာချက်ပတ်သက်ပြီး NUGကတော့ဘာမှမှတ်ချက်မပေးလိုဘူးလို့တော့ ပြောထားတယ်။တော်လှန်ရေးရဲ့ အရှိန်အဟုန်ကတော့ လျော့ကျသွားမှာသေချာတယ်။

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကောင်စီကိုရှမ်းမြောက်မှာ ဦးတည်တိုက်ခိုက်နေတဲ့နေတဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့MNDAAက ကြေညာချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။MNDAAက NUGနဲ့စစ်ရေး၊နိုင်ငံရေးပူးပေါင်းမှာမဟုတ်သလို စစ်ရေးချဲ့ထွင်တဲ့အနေနဲ့ မန္တလေးနဲ့တောင်ကြီးကို သိမ်းပိုက်မှာမဟုတ်ဘူးလို့ ကြေညာချက်ထဲပါရှိလာတယ်။ဒါ့အပြင်တရုတ်နိုင်ငံကို ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတက်ကြွစွာပါဝင်မှာဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ ကိုင်စွဲထားတယ်လို့ဆိုတယ်။ကြေညာချက်အနှစ်ချုပ်ကတော့ ဒီလောက်ပါပဲ။ စစ်ကောင်စီနဲ့တိုက်ပွဲတွေရပ်ဖို့ ညီနောင်သုံးဖွဲ့ကို တရုတ်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်MNDAAရဲ့ ဒီကြေညာချက်ထွက်ပေါ်လာတာပါ။ပြီးခဲ့တဲ့လကုန်ပိုင်းကလဲ...

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)

နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူသုံးရာခန့်ရှိပြီး ပျောက်ဆုံးသူလဲ အများအပြားရှိနေပါတယ်။ အမေရိကန်နဲ့ တချို့နိုင်ငံတွေကတော့ အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောထားတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလဲ နိုင်ငံတကာက အကူအညီတွေယူမယ်တဲ့။ ထိုအကူအညီတွေ...

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၄။ (တနင်္လာ)

ရန်ကုန်လေဆိပ်မှာ အစစ်အဆေး ၊အတားအဆီးမရှိ ပြည်ပထွက်ခွင့်ရရှိရေး VIP Service  ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ဩဂုတ်လမှစတင်၍ ဆောင်ရွက်ခဲ့ပြီးနောက်...

Read moreDetails

စက်တင်ဘာ ၁၅၊ ၂၀၂၄။ (တနင်္ဂနွေ)

တနိုင်ငံလုံးရေဘေးကြုံနေရတာတောင် စစ်ကောင်စီဟာဗုံံးကြဲမပျက်ပါဘူး။တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့မင်းတပ်မြို့ကို မနေ့ညကဗုံးကြဲခဲ့ပါသေးတယ်။ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလဲ ရုပ်ပြကောင်းအောင်သာ လုပ်ဆောင်နေတယ်။ဒီထက်ဆိုးတာက တစ်ချို့ဒေသတွေမှာ လူမှုရေးအသင်းအဖွဲ့တွေ၊ပြည်သူတွေက တနိုင်တပိုင်ကူညီကယ်ဆယ်ရေးလုပ်နေတာတွေကို တားဆီးပိတ်ပင်လာတယ်။တောင်ငူမြို့မှာ ရေဘေးကူတဲ့အဖွဲ့တွေကိုလုံခြုံရေးအကြောင်းပြပြီး လွတ်လပ်စွာကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်အောင် နှောက်ယှက်နေတယ်။ကရင်နီပြည်နယ်မှာ​ဆို ရေဘေးသင့်နေတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေထဲကို လူတွေရော၊ရိက္ခါပစ္စည်းတွေပါ လုံးဝပေးမဝင်ပါဘူး။ဒါဟာရေဘေးသင့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပါ။အခုကြုံနေရတဲ့ရေဘေးကြောင့်...

Read moreDetails

စက်တင်ဘာ ၁၄၊ ၂၀၂၄။ (စနေ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ချောင်းဘေးတစ်လျှောက်မှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီးနောက် သေဆုံးသူ တစ်ရာခန့် ရှိလာပါပြီ။ ကလောမြို့ဟာ တောင်ပေါ်အပန်းဖြေမြို့လေးတစ်ခုဖြစ်ပြီး ရေကြီးမှုတွေအပြင် မြေပြိုမှုတွေပါ ဖြစ်နေလို့ အသေအပျောက်များနေတယ်။ အိမ်တွေဆို အလုံးလိုက်၊ မိသားစုလိုက်ကို ရေထဲမျောပါသွားပြီး...

Read moreDetails

စက်တင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)

တနိုင်ငံလုံးနီးပါးရေဘေးကြုံနေရပေမယ့် စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဘာတစ်ခုမှ လုပ်ဆောင်တာမတွေ့ရသေးပါဘူး။တခြားဒေသတွေမှာ ကူညီပေးဖို့နေနေသာသာ သူတို့ရုံးစိုက်ရာနေပြည်တော်မှာတောင် ကယ်ဆယ်ရေးလုပ်ဆောင်တာ တွေ့ရသေးပါဘူး။မုန်တိုင်းအရှိန်ကြောင့် တချိန်ထဲမှာပဲထိုင်းနိုင်ငံမှာလဲ ရေကြီးနေပါတယ်။ထိုင်းအစိုးရဟာချက်ချင်း ရဟတ်ယာဥ်တွေသုံးပြီးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်။တာချီလိတ်မြို့တဖက်ကမ်းက ချင်းမိုင်မြို့မှာထိုင်းစစ်တပ်ရေဘေးသင့်ပြည်သူတွေအတွက် လေကြောင်းကနေရိက္ခါတွေချပေးနေတာတွေ့ရတယ်။စစ်ကောင်စီကတော့ ရဟတ်ယာဉ်တွေကိုပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်ဖို့သာ သုံးနေတာပါ။ ရေဘေးကြောင့် သေဆုံးသူတွေဟာလဲ အဆမတန်မြင့်တက်လာပါပြီ။ရမည်းသင်းနဲ့တောင်သာမြို့နယ်ထဲမှာတင် သေဆုံးသူအရေအတွက်...

Read moreDetails
Page 35 of 173 1 34 35 36 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist