ကချင်ပြည်နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဖက်ကပိတ်ထားခြင်းအပေါ် KIAရဲ့တုန့်ပြန်မှုကအားရဖို့ကောင်းပါတယ်။တရုတ်ဖက်က သူတို့ဖွင့်ချင်တဲ့ဂိတ်နှစ်ခုလောက်ကို ပြန်ဖွင့်ပြီးမြေရှားသတ္ထုတွေတင်သွင်းဖို့ကြိုးစားလာတဲ့အချိန်မှာ နယ်စပ်ဂိတ်တွေကိုKIAဖက်က ပြန်ပိတ်ချလိုက်တယ်။တရုတ်အနေနဲ့ဖွင့်ချင်ဂိတ်တွေအကုန်ပြန်ဖွင့်ဖို့လိုပြီးထိုကဲ့သို့မှ မဟုတ်ရင်KIAဖက်ကဂိတ်တွေအားလုံးပြန်ပိတ်ထားမယ်လို့ ကချင်ပြည်နယ်သတင်းအရင်းအမြစ်တစ်ခုကသိရတယ်။
နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်လနီးပါးကြာလာချိန်မှာအခြားဒေသတွေမှာတော့ မြန်မာဘက်အခြမ်းမှာအခက်အခဲတွေရင်ဆိုင်နေရပေမယ့် ကချင်တရုတ်နယ်စပ်မှာတော့တရုတ်ဘက်အခြမ်းမှာ ပြသာနာလေးတွေရှိနေတယ်။အဓိကကတော့ မြေရှားသတ္ထုတွေကြောင့်ပါပဲ။တရုတ်နိုင်ငံဟာကချင်ပြည်နယ်ကနေ မြေရှားသတ္ထုအများအပြားတင်သွင်းနေပြီး အခုလိုနယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့အတွက် မြေရှားသတ္ထုတွေရှားပါးလာပြီး စျေးတွေတက်လာတယ်။ဒါ့ကြောင့်တရုတ်ဟာနယ်စပ်ဂိတ်တွေကို ခိုးကြောင်ခိုးဝှက်ပြန်ဖွင့်ချင်တာပါ။တရုတ်တွေအသဲအသန်လိုချင်နေတဲ့ မြေရှားသတ္ထုတွင်းတွေကို အခုတော့KIAကထိန်းချုပ်လိုက်ပါပြီ။ထိုလုပ်ငန်းတွေကိုအရင်က စစ်ကောင်စီလက်အောက်ခံကချင်ပြည်သူ့စစ်အဖွဲ့တွေကို ထိန်းချုပ်ထားပြီးဒေါ်လာဘီလီယံနဲ့ချီဝင်ငွေကောင်းခဲ့ကြတယ်။တရုတ်ရဲ့ဖိအားတွေနယ်စပ်ကEAOကြီးတွေအပေါ် ကျရောက်လာချိန်မှာတော့တရုတ်ကို တန်ပြန်ဖို့အတွက်KIAကထိုဒေသတွေကိုမြန်မြန်ဆန်ဆန်ပဲ သိမ်းယူလိုက်ပါတယ်။အခုတော့KIAဟုတရုတ်ကို ခပ်မာမာတုန့်ပြန်နိုင်နေပါပြီ။ကျန်တဲ့နယ်စပ်ကEAOတွေလဲ ဒါကိုတုယူသင့်ပါတယ်။