TNLA သိမ်းထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက မနေ့ ညအချိန် လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၁၅ဦးသေဆုံးပြီး လူနေအိမ်၁၀လုံးထက်မနည်းပျက်စီးသွားပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်း လူနေရပ်ကွက်တွေကို မနေ့က ည၁၁နာရီခွဲဝန်းကျင် ဗုံးကြဲသွားတာပါ။ ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး အရေအတွက်အတိအကျမသိရသေးပါဘူး။ ဒီမနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းအရ လေကြောင်း တိုက်ခိုက်မှုကြောင့် အခိုင်အမာဆောက်ထားတဲ့ တိုက်တာအဆောက်အဦးတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတာတွေ့ရတယ်။
နာမည်ကျော် ပတ္တမြားကျောက်မျက်ရတနာထွက်ရှိတာကြောင့် လူသိများတဲ့ မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။ မိုးကုတ်မြို့ကို လက်လွှတ်ရချိန်ကတည်းက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက လှုံ့ဆော်ခဲ့ကြတယ်။ ဒါ့ကြောင့်လက်ရှိအချိန်မှာမိုးကုတ်မြို့ဟာပထမဆုံးအကြိမ်ဗုံးကြဲခံလိုက်ရတာပါ။