တော်လှန်ရေးရဲ့အရှိန်အဟုန်ကိုတားဆီးနေတဲ့ နောက်အချက်တစ်ခုကတော့စစ်ကောင်စီရဲ့ အဓ္ဓမစစ်မှုထမ်းဥပဒေပါပဲ။စစ်ကောင်စီဟာ ထိုဥပဒေကိုဖေဖော်ဝါရီလကပြဌာန်းပြီး တရားဝင်ပေါ်တာဆွဲခွင့်ဥပေဒအဖြစ် အသုံးချလာခဲ့တယ်။အစပိုင်းလတွေမှာတော့ ဥပဒေအတိုင်းစစ်သားစုဆောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့အတင်းအကျပ်ပေါ်တာဆွဲစုဆောင်းလာခဲ့တာ အခုဆိုရင်အပတ်စဥ်၆အထိ ရောက်လာခဲ့ပါပြီ။အပတ်စဥ်တစ်ခုမှာလူဦးရေ၅၀၀၀နှုန်းနဲ့ဆိုရင်တောင်မှအခုချိန်ထိအင်အားအနည်းဆုံးနှစ်သောင်းကျော်ရရှိခဲ့တယ်။ထိုတပ်သားသစ်တွေကို အသုံးချပြီးစစ်ကောင်စီဟာ ပြုန်းတီးသွားတဲ့အင်အားတွေကိုပြန်လည်ဖြည့်တင်းကာ တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်တွေကို ရင်ဆိုင်လာနေပါပြီ။ထိုဥပဒေရဲ့အကျိုးသက်ရောက်မှုကိုတော်လှန်ရေးအဖွဲ့တွေ စတင်ခံစားနေရပြီ။
ဥပမာပြောရရင်တောင်ခမ်းဒေသကစစ်ကောင်စီရဲ့အမြောက်တပ်တွေကို TLNAအနေနဲ့သုံးလနီးပါးတိုက်ခိုက်နေပေမယ့် မရရှိသေးပါဘူး။ထိုအမြောက်တပ်တွေကို ရှမ်းတောင်ကနေစစ်ကူတွေ အဆက်မပြတ်ပို့ပေးနေလို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အခက်ကြုံနေရတယ်။ကရင်နီပြည်နယ်မှာဆို စစ်ကောင်စီကအင်အားထောင်ချီဖြည့်တင်းပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့လို့ တော်လှန်ရေးအဖွဲ့တွေလွိုင်ကော်မြို့က လုံးဝဆုတ်ခွာပေးလိုက်ရတယ်။စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ တောင်စစ်ကောင်စီဘက်ကစစ်ကူတပ်တွေကို ဝိုင်းဝန်းပိတ်ဆို့နိုင်ခဲ့လို့မြို့ကို သိမ်းနိုင်ခဲ့တာပါ။ဒါတောင်နှစ်လကျော်ကြာအောင် တိုက်ယူခဲ့ရတယ်။စစ်ကောင်စီဘက်က စစ်ကူတွေပို့ပေးလာနိုင်တာကြောင့် တော်လှန်ရေးအဖွဲ့တွေအတွက်ဒေသတိုင်းက တိုက်ပွဲတွေဟာအရင်လိုလွယ်ကူမနေတော့ပဲ ခက်ခဲလာပါပြီ။ဒါတောင်စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူဖောဖောသီသီသုံးနိုင်မှုတွေကို ထည့်မပြောသေးပါဘူး။ရေရှည်မှာဆိုရင် ဒီထက်ပိုပြီးခက်ခဲလာနိုင်ပါတယ်။