စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ စစ်သားစုဆောင်းခံရပြီးအကြမ်းဖက်စစ်တပ်ထဲ ရောက်သွားတဲ့လူငယ်အရေအတွက်ဟာ စာရင်းထဲမှာတင် အနည်းဆုံးခြောက်သောင်းခန့်ရှိနေပါပြီ။ဒါပေမယ့်စစ်တပ်ထဲကနေ ပြန်ထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာသူအရေအတွက်ဟာ တနိုင်ငံလုံးမှာမှ သုံးထောင်ခန့်သာရှိပါသေးတယ်။ရာခိုင်နှုန်းအားဖြင့် စစ်တပ်ထဲပါသွားသူအရေအတွက်ရဲ့ ငါးရာခိုင်နှုန်းသာပြန်လည်ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ပြောလို့ရတယ်။ဒါဟာအလွန်နည်းတဲ့ အရေအတွက်ပါပဲ။အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေဟာ အကြမ်းဖက်စစ်တပ်ထဲမှာ ပျော်နေကြပြီလား။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


