စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ စစ်သားစုဆောင်းခံရပြီးအကြမ်းဖက်စစ်တပ်ထဲ ရောက်သွားတဲ့လူငယ်အရေအတွက်ဟာ စာရင်းထဲမှာတင် အနည်းဆုံးခြောက်သောင်းခန့်ရှိနေပါပြီ။ဒါပေမယ့်စစ်တပ်ထဲကနေ ပြန်ထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာသူအရေအတွက်ဟာ တနိုင်ငံလုံးမှာမှ သုံးထောင်ခန့်သာရှိပါသေးတယ်။ရာခိုင်နှုန်းအားဖြင့် စစ်တပ်ထဲပါသွားသူအရေအတွက်ရဲ့ ငါးရာခိုင်နှုန်းသာပြန်လည်ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ပြောလို့ရတယ်။ဒါဟာအလွန်နည်းတဲ့ အရေအတွက်ပါပဲ။အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေဟာ အကြမ်းဖက်စစ်တပ်ထဲမှာ ပျော်နေကြပြီလား။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


