အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၅၊ ၂၀၂၄။ (တနင်္ဂ​နွေ)

၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဟာ နှစ်လတိတိပြည့်သွားပါပြီ။ဒီနှစ်လအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ၈မြို့ခန့် ထပ်မံသိမ်းပိုက်ထားနိုင်တယ်။တစ်ပတ်ကိုတစ်မြို့ခန့် သိမ်းယူနေတဲ့သဘောပါပဲ။ထိုရှစ်မြို့ထဲမှာ လားရှိုးလိုတိုင်းစစ်ဌာနချုပ်ကြီးတွေပါဝင်လာတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။မန္တလေးမြို့နားထိ တော်လှန်ရေးအဖွဲ့တွေရောက်လာဖို့ဆိုတာဒီနှစ်လယ်ခန့်အထိ အတော်အလှမ်းဝေးနေဆဲအခြေအနေကနေ အခုဆိုရင်မန္တလေးကိုအချိန်မရွေးဝင်တိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာပါပြီ။ဒါတွေဟာ ရှမ်းမန်းစစ်ဆင်ရေးတွေရဲ့တိုးတက်မှုတွေပါ။ ဒါ့အပြင် နိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာလဲ အေအေတပ်တော်ဟာစစ်ကောင်စီကို မရပ်မနားအစွမ်းကုန်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတောင်ပိုင်းအထိရောက်ရှိလာတယ်။တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အမ်းမြို့ကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။ကျွမ်းကျင်သူတွေကတော့...

Read moreDetails

သြဂုတ် ၂၄၊ ၂၀၂၄။ (စနေ)

အာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်ပြီး  ကျန်ဒေသများကို ကာကွယ်နိုင်ရေးအတွက် အရပ်ဘက်များ ပါဝင်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်တယ်။ ထိုအဖွဲ့ကို တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမယ်လို့ သိရတယ်။...

Read moreDetails

သြဂုတ် ၂၃၊ ၂၀၂၄။ (သောကြာ)

ပီးခဲ့တဲ့ရက်တွေထဲအကြပ်အတည်းဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့စက်သုံးဆီကိစ္စကတော့ အတိုင်းအတာတစ်ခုအထိပြေလည်သွားပါပြီ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကဒေါ်လာသန်းတစ်ရာခန့် စက်သုံးဆီလုပ်ငန်းရှင်တွေကို ထုတ်ရောင်းခဲ့တယ်။ဒါ​ကြောင့်ဒေါ်လာစျေးဟာလဲ ၇၂၀၀ကျပ်မှ၆၀၀၀ကျပ်ခန့်အထိ ကျဆင်းသွားခဲ့တယ်။​ဒါပေမယ့်လဲ​ဒေါ်လာစျေးနဲ့အတူ လိုက်တက်သွားခဲ့တဲ့ကုန်စျေးနှုန်းတွေကတော့ ပြန်မဆင်းလာတော့ပါဘူး။နှစ်ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ဘက်ပဲဖြစ်ခဲ့တာကြောင့်လမ်းဘေးဆိုင်ကမုန့်တွေကအစစျေးတက်သွားခဲ့တယ်။ စက်သုံးဆီအခြေအနေကလဲ ဒီရက်ပိုင်းမှာပြန်ပြေလည်သွားခဲ့တယ်။ဒါပေမယ့်ဒါဟာလဲ ခဏတာဖြစ်မှာပါ။ဗဟိုဘဏ်ကထုတ်ရောင်းခဲ့တဲ့ ဒေါ်လာသန်း၁၀၀ရဲ့အရှိန်ကုန်သွားရင် စက်သုံးဆီပြတ်လတ်မှုကပြန်ဖြစ်လာမှာပဲ။ဒီပြသနာတွေဟာ ဆေးမှီးတိုနည်းတွေနဲ့ကုနေသမျှ ဘယ်တော့မှပြေလည်မှာမဟုတ်ပါဘူး။

Read moreDetails

သြဂုတ် ၂၂၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစတဲ့မြန်မာပြည်အလယ်ပိုင်းမြေလတ်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ တိုးလာတာအားရစရာပါ။အခုဆိုရင်မန္တလေးတိုင်းမြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်တွေကတိုက်ပွဲတွေကြောင့် စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေအားလုံးထွက်ပြေးသွားကြပြီးအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ။ထိုဒေသတွေမှာမြို့တွေမသိမ်းနိုင်သေးပေမယ့် စစ်ကောင်စီအနေနဲ့မစိုးမိုး​နိုင်တော့ပါဘူး။ ရှမ်းမြောက်မှာတော့စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး အသစ်ခန့်အပ်လိုက်ပါတယ်။မရှိတော့တဲ့စစ်ဌာန​​ချုပ်တစ်ခုအတွက် တိုင်းမှုးခန့်တယ်ဆိုတော့ရယ်စရာပဲ။ဒါပေမယ့်သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနန့်လမ်မြို့မှာ ပြန်လည်အင်အားစုစည်းနေပါတယ်။ထိုမြို့ဟာTLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ရဲ့တောင်ဘက်မှာ တည်ရှိတယ်။ထိုဒေသကိုအခြေပြုပြီး စစ်ကောင်စီဟာလားရှိုးမြို့ကိုပြန်လည်ရယူဖို့ ကြံစည်နေပါတယ်။အခုလဲနောင်ချိုမြို့ဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်တယ်။လက်ရှိအခြေအနေတွေအရစစ်အုပ်စုဟာ တန်ပြန်ထိုးစစ်ပြုလုပ်နိုင်ဖို့ထပ်ရှမ်းတောင်ပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ ဆင်းမလာရေးကာကွယ်ဖို့က ပိုအရေးကြီးနေပါတယ်။

Read moreDetails

သြဂုတ် ၂၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့သုံးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုက်နက်တိုက်ခိုက်နေပါတယ်။KIAကဦးဆောင်ပြီး အင်းတော်၊ပင်လယ်ဘူးနဲ့ ထီးချိုင့်မြို့တွေကို တိုက်ခိုက်နေတာပါ။စစ်ကိုင်းတိုင်းထဲ မြို့သုံးခုလောက်ကို တပြိုက်နက်ထိုးစစ်ဆင်တာဒါပထမဆုံးပါပဲ။ KIAဟာကချင်ဟာ ကချင်ပြည်နယ်ထဲစစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်နဲ့မိုးမောက်ကြားကစစ်တပ်ရဲ့အမာခံတပ်ရင်းတစ်ခုကို တလကျော်ကြာတိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်လိုက်တယ်။ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကစစ်တပ်စခန်းတွေလဲ ဖြည်းဖြည်းခြင်းဆီသိမ်းယူလျက်ရှိတယ်။ပြည်နယ်မြို့တော်မြစ်ကြီးနားအနီးကိုလဲ KIAတပ်တွေတဖြည်းဖြည်းချဥ်းကပ်လာနေပါပြီ။ဘယ်နေရာကိုဦးစားပေးပစ်မှတ်အဖြစ် တိုက်မလဲဆိုတာ​တော့ခန့်မှန်းရခက်နေဆဲပါပဲ။

Read moreDetails

သြဂုတ် ၂၀၊ ၂၀၂၄။ (အင်္ဂါ)

စစ်မှုထမ်းဖို့အတွက် အတင်းအဓ္ဓမပေါ်တာဆွဲမှုတွေဟာ မန္တလေးတိုင်းတင်မကတော့ပဲစစ်ကောင်စီအာဏာရပ်ဝန်းသက်ရောက်တဲ့ ဒေသတိုင်းလိုလိုမှာဖြစ်ပေါ်လာပါပြီ။အရင်ရက်တွေကမန္တလေးတိုင်းကျောက်ဆည်၊စဉ့်ကိုင်၊တံတားဦးမြို့တွေကလမ်းဆုံတွေမှာ လူငယ်တွေကိုအတင်းအဓ္ဓမ ကားပေါ်တင်ဆွဲခေါ်နေတယ်။နောက်ပိုင်းမှာတော့ အိမ်တွေထဲထိလိုက်ဆွဲနေပါတယ်။တမြို့နယ်ကိုလူအရောက်၂၀၀ကျော် ရအောင်ရှာမယ်လို့သိရတယ်။ပေါ်တာဆွဲခံရတဲ့အတချို့တွေကိုငွေပေးနိုင်ရင်တော့ ပြန်လွတ်ပေးတယ်။ငွေကသိန်း၅၀ကျော်ပေးရတယ်။ပြည်သူတွေကို ပြန်ပေးဆွဲသလို​မျိုးပြုမူနေတာပါ။နောက်ပိုင်းမှာ မန္တလေးတိုင်းတင်မကတော့ပဲပဲခူးတိုင်း၊ဧရာဝတီတိုင်းစတဲ့တိုင်းဒေသကြီးတွေကကျေးရွာတွေမှာပါ ဆက်တိုက်ပြုလုပ်လာနေပါပြီ။စစ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီဟာလူငယ်တွေအကုန် ပေါ်တာဆွဲစစ်တိုက်ခိုင်းဖို့လုပ်နေပါပြီ။

Read moreDetails

သြဂုတ် ၁၉၊ ၂၀၂၄။ (တနင်္လာ)

မနေ့ကဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ရာမှာ နေ့လည်ပိုင်းလောက်မှာမြို့ကိုရရှိခဲ့တယ်။မြို့ပေါ်မှာစစ်ကောင်စီတပ် အင်အားသိပ်မရှိပါဘူး။ဒါကိုသိလို့လဲ မြို့သိမ်းတိုက်ပွဲပုံစံဆင်နွှဲခဲ့တယ်။မြို့ကိုရရှိလိုက်ပေမယ့် ချက်ချင်းဆိုသလို စစ်အုပ်စုဘက်ကလေကြောင်းပစ်ကူအဆမတန်သုံးပြီး မြေပြင်ကလဲအင်အားများစွာနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့လို့ညနေပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေကိုမြို့ပေါ်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဒီပဲယင်းမြို့ဟာစစ်ကိုင်းတိုင်းအောက်ပိုင်းမှာတည်ရှိပြီး မြို့ပေါ်မှာလဲစစ်တပ်အင်အားသိပ်မရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေသိမ်းဖို့လွယ်ကူပေမယ့်ထိန်းဖို့ကတော့ အခက်အခဲရှိပါတယ်။ထိုမြို့ပတ်ဝန်းကျင်ဒေသတွေဟာ စစ်ကောင်စီတပ်တွေ ပတ်လည်ဝိုင်းထားတာကြောင့်ပါ။ဒါ့အပြင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာခဲယမ်းအင်အား လိုအပ်ချက်တွေရှိနေတယ်။စစ်ကိုင်းတိုင်းထဲကအဖွဲ့တွေဟာ ရှမ်းမြောက်လိုလက်နက်ခဲယမ်းအင်အား ဖောဖောသီသီမသုံးနိုင်ပါဘူး။ဒါ့ကြောင့်မြို့ကိုခဏအတွင်းမှာပဲ ပြန်လည်လက်လွတ်ခဲ့ရတယ်။ဒီလိုဖြစ်ရပ်မျိုးစစ်ကိုင်းတိုင်းကနီမြို့နဲ့...

Read moreDetails

သြဂုတ် ၁၈၊ ၂၀၂၄။ (တနင်္ဂ​နွေ)

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အစပ်က မြို့တွေဖြစ်တဲ့အင်းတော်နဲ့ပင်လယ်ဘူးမြို့တွေကို KIAနဲ့PDFပူးပေါင်းတပ်တွေစတင်တိုက်ခိုက်နေပါပြီ။တချိန်ထဲမှာပဲစစ်ကိုင်းတိုင်းအောက်ပိုင်းက ဒီပဲယင်းမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေပါတယ်။၁၀၂၇စစ်ဆင်ရေးအပိုင်း၂စကတည်းက စစ်ကိုင်းတိုင်းထဲမှာပျူစောထီးစခန်းတွေကို ကြိုကြားတိုက်ခိုက်တာကလွဲပြီး စစ်ရေးလှုပ်ရှားမှုတွေငြိမ်နေခဲ့ပေမယ့် အခုတော့မြို့သိမ်းတိုက်ပွဲတွေစတင်လာပြီဖြစ်ပါတယ်။အရင်ရက်တွေကဒေသတွင်းရေကြီးမှုတွေကြောင့် ငြိမ်နေရပုံပေါ်တယ်။ကချင်ပြည်နယ်မှာလဲKIAက ရေကြီးမှုကြောင့်ခဏနားခဲ့ရတဲ့စစ်ရေးလှုပ်ရှားမှုတွေပြန်လည်စတင်လာပါပြီ။၁၀၂၇စစ်ဆင်ရေးလှိုင်းကိုလိုက်စီးပြီး အခြားဒေသတွေမှာပါထိုးစစ်တွေ ဖော်ဆောင်လာတာကောင်းတဲ့လက္ခဏာပါ။  

Read moreDetails

သြဂုတ် ၁၇၊ ၂၀၂၄။ (စနေ)

မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်က လမ်းဆုံလမ်းခွတွေနဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီမနက်ပိုင်း စီးနင်းကာ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ ဩဂုတ်(၁၆)ရက် မနက်(၇)နာရီလောက်က စတင်ပြီး တံတားဦးမြို့...

Read moreDetails

သြဂုတ် ၁၆၊ ၂၀၂၄။ (သောကြာ)

ဒေါ်လာအကြပ်အတည်းနည်းတူပြည်တွင်းမှာကြုံတွေ့နေရတဲ့ နောက်တစ်ခုကတော့စက်သုံးဆီအကြပ်အတည်းပါပဲ။စက်သုံးဆီအကြပ်အတည်းဒီလအစကတည်းက ဖြစ်ပေါ်နေတာကြောင့်အခုဆိုရင် နှစ်ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ဒီလအစမှာနယ်မြို့ကြီးတွေမှာပဲ စက်သုံးဆီပြတ်လတ်ခဲ့ပေမယ့်အခုရန်ကုန်မှာတောင် ဆိုးဆိုးရွားရွားဖြစ်လာပါတယ်။ရန်ကုန်တစ်မြို့လုံးမှာ စက်သုံးဆီအရောင်းဆိုင်၁၅ဆိုင်လောက်သာရောင်းချပေးနိုင်တော့တဲ့ အခြေအနေပါ။ဆီရဖို့ဆီဆိုင်တွေမှာ တညလုံးတန်းစီစောင့်ဆိုင်းနေရတယ်။ထိုသို့စောင့်မယ်ဆိုရင်တောင် မနက်ကျလို့ဆိုင်ဖွင့်ရင်ဆီရဖို့ မသေချာပါဘူး။ဒါ့ကြောင့်စက်သုံးဆီရဖို့တန်းစီနေကြတဲ့ကားတန်းတွေဟာ မိုင်နဲ့ချီပြီးရှည်လျားလားပါတယ်။အင်းလျားကန်ဘေးကဆီဆိုင်တစ်ခုမှာဆိုရင် တန်းစီကြတဲ့ကားတန်းဟာအင်းလျားကန်တစ်ပတ်ပြည့်တဲ့အထိရှိနေပါတယ်။နယ်မြို့တွေမှာတော့ ဒီထက်ပိုအခြေအနေဆိုးပါတယ်။မန္တလေး၊တောင်ကြီးစတဲ့မြို့ကြီးတွေအပြင် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာပါ စက်သုံးဆီပြတ်လတ်နေတာပါ။ အရင်ကတည်းဒါမျိုးမကြာခဏဖြစ်ပေါ်တတ်ပေမယ့် တစ်ခေါက်ထက်တစ်ခေါက်အခြေအနေ ပိုဆိုးလာတာတွေ့ရတယ်။အချိန်လဲပိုကြာလာတယ်။အကြောင်းရင်းကတော့ စက်သုံးဆီဝယ်ဖို့စစ်ကောင်စီဘက်ကဒေါ်လာမထုတ်ပေးနိုင်တော့လို့ပဲ။အခုလိုဒေါ်လာစျေးတွေတက်နေတဲ့အချိန်မှာ...

Read moreDetails
Page 24 of 159 1 23 24 25 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist