အာဏာသိမ်း ဒိုင်ယာရီ

မတ် ၁၊ ၂၀၂၁ ။ (တနင်္လာ)

မနေ့က စစ်တပ်ရဲ့ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွဲမှုတွေကြောင့်တစ်နိုင်ငံလုံးမှာ၂၃ ဦးသေဆုံးခဲ့ပေမယ့် ဒီနေ့ လမ်းပေါ်မှာလူတွေမလျော့သွားခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့လမ်းပေါ်ထပ်ထွက်ဖြစ်တယ်။ အင်တာနက်လိုင်းတွေကမနက်ကိုးနာရီမှပွင့်တာမို့လိုင်းပေါ်အရင်တက်၊အခြေအနေကြည့်ပြီးအေးဆေးဖြစ်တဲ့မြန်မာပလာဇာဘက်သွားဖြစ်တယ်။ မနေ့ကတော့ခွေးပြေး၊ဝက်ပြေးပြေးပြီးပြီလေ။ ဒီနေ့လည်းရန်ကုန်မြို့ထဲကလမ်းတွေအကုန်နီးပါးကိုပြည်သူကပိတ်ဆို့ထားကြတယ်။ ဆန္ဒပြသူတွေကိုစစ်ခွေးတွေအလွယ်တကူဝင်ဆွဲလို့မရအောင်ပေါ့။ ကျွန်တော်တို့တောင်လုပ်အားဝင်ပေးခဲ့သေးတယ်။ ရန်ကုန်တစ်မြို့လုံးမနက်ကတည်းက ပစ်ခတ်ဖြိုခွဲ နေချိန်မှာမြန်မာပလာဇာမှာတော့နေ့ခင်းပိုင်းထိအေးဆေးပါပဲ။ ပစ်ခတ်မှုတွေကြောင့်တစ် နိုင်ငံလုံးမှာဒဏ်ရာရတဲ့သူတွေအများကြီးရှိပေမယ့်ဒီနေ့တော့လူအသေအပျောက်မရှိခဲ့ပါဘူး။ မနေ့ကသူတို့လက်လွန်သွားတော့ဒီနေ့ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်ထင်တယ်။ ဒါပေမဲ့..။

Read moreDetails

စစ်အာဏာရှင် လက်‌အောက် စတုထ္ထ အပတ်

Title မှာ တပ်ရန်- Fourth Week Facts under Military Coup ဖေဖော်ဝါရီ ၂၂ နံနက် ၉း၀၀ ၂၂၂၂၂ အထွေထွေသပိတ်ကြီးစတင် လူပေါင်းများစွာ ချီတက်ဆန္ဒပြ ဈေးဆိုင်နှင့် အလုပ်ရုံအားလုံးပိတ် နေ့လယ်...

Read moreDetails

စစ်အာဏာရှင် လက်‌အောက် တတိယ အပတ်

ဖေဖော်ဝါရီ ၁၅ နံနက် ၁း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြတ်တောက် နံနက် ၉း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြန်လည်ရရှိ ညနေ ၄း၅၈ မန္တလေးတွင် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း >>>>>  ဖေဖော်ဝါရီ ၁၆...

Read moreDetails

စစ်အာဏာရှင် လက်အောက် ဒုတိယ အပတ်

ဖေဖော်ဝါရီ ၈ မနက် ၈း၁၆ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြကြရန် မအိသဉ္ဇာမောင် လှုံ့ဆော် မနက် ၉း၁၃ ဆန္ဒပြပွဲများတွင် သံဃာတော်များ ပူးပေါင်းပါဝင်လာ မနက် ၁၁း၂၆ နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ရေပိုက်များဖြင့်ထိုး၍ လူစုခွဲ...

Read moreDetails

စစ်အာဏာရှင် လက်‌အောက် ပထမ အပတ်

ဖေဖော်ဝါရီ ၁ မနက် ၆ နာရီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း NLD က နိုင်ငံခြားသတင်းဌာနတစ်ခုထံ အတည်ပြု မနက် ၆း ၁၈...

Read moreDetails

ဖေဖော်ဝါရီ အာဏာသိမ်းအနှစ်ချုပ်

၂၈ ဖေဖော်ဝါရီ ၂၀၂၁ ဒီနေ့တော့ ဒီလအတွက်အနှစ်ချုပ်ရေးပါ့မယ်။ ပထမပတ် (ဖေ ၁ - ၇) ပထမပတ်ဟာ သူပုန်စစ်အာဏာသိမ်းတပ် တာထွက်ကောင်းတဲ့ အပတ်လို့ အကြမ်းပြောနိုင်တယ်။ ဖေဖော်ဝါရီ ၁ရက်ကနေ ၃ရက်နေ့မှာ သူတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာသိမ်းကောင်စီကိုဖွဲ့တယ်။ ...

Read moreDetails

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁။ (တနင်္ဂနွေ)

Milk Tea Alliance နေ့။ မြန်မာအပါအဝင် ၆ နိုင်ငံမှာရှိတဲ့ လက်ဖက်ရည်သောက်တဲ့သူငယ်ချင်းတွေက မြန်မာအတွက် ဆန္ဒပြပေးတဲ့နေ့ပေါ့။ အရာအားလုံးအဆင်ပြေချောမွေ့လိမ့်မယ်လို့မထင်ခဲ့ပါဘူး။ ရန်ကုန်ရဲ့အခြေအနေက တော်တော်လေးဆိုး ရွားလှပါတယ်။ အဓိက ဆန္ဒပြတဲ့နေရာတွေကို ပိတ်ဆို့ထားကြတယ်။ ဥပမာ လှည်းတန်း၊ မြေနီကုန်း၊...

Read moreDetails

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁။ (စနေ)

မနေ့ကတည်းက စခဲ့တဲ့စစ်တပ်ရဲ့ငြိမ်းချမ်းစွာဆန္ဒပြပြည်သူလူထု အပေါ်အကြမ်းဖက်ဖြိုခွင်းမှုဟာ ဒီနေ့ မှာပိုပြင်းထန်လာခဲ့တယ်။ ရန်ကုန်၊ မန္တလေး၊မုံရွာ၊ မြိတ်၊ ထားဝယ်စတဲ့မြို့ကြီးတွေမှာသာမက တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ရက်စက်စွာဖြိုခွဲမှုတွေရှိလာပြီ။ မျက်ရည်ယိုဗုံး၊ ရာဘာကျည်သာမက ကျည် အစစ်တွေပါသုံးလာကြတယ်။ လူသေဆုံးမှုတွေလဲရှိလာပြီ။ ရန်ကုန်မှာဆို အထင်ကရ သပိတ်စခန်းတွေ ရှိတဲ့...

Read moreDetails

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁။ (သောကြာ)

ကုလသမဂ္ဂဆိုင်ရာအထူးသံတမန် ဒေါက်တာဆာဆာကို ကျွန်တော်တို့အရမ်းအားကိုးနေမိတယ်။ ဒါပေမဲ့ ဒီနေ့ညတော့လုံးဝ Surpriseပဲ။ တစ်နေ့လုံးဆန္ဒပြ သူတို့ရဲ့အကြမ်းဖက်ဖြိုခွင်းမှုကို ခံပြင်းစွာနဲ့ နေလာခဲ့အပြီးမှာတော့ အံအားသင့်စရာ ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့တယ်။ အားလုံးအတွက် ဟီးရိုးတစ်ယောက်ပေါ်ထွက်လာခဲ့တာပါ။ သူကတော့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးကျော်မိုးထွန်းပါ။ ဒီနေ့...

Read moreDetails

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁။ (ကြာသပတေး)

မနက်ကတည်းက အကုသိုလ်များတဲ့နေ့တစ်နေ့ပဲ။ စစ်တပ်ထောက်ခံသူတွေလို့ အမည်ခံပြီး လမ်းပေါ် ကကလေက ချေတွေကို ၅၀၀၀ ကျပ်လောက်နေ့တွက်ခပေးပီးခေါ်လာတဲ့အဖွဲ့တွေ ဟာ ရန်ကုန်မြို့ လယ်လိုနေရာမျိုးမှာမနက်ကတည်းက သောင်းကျန်းနေကြတယ်။ စစ်ကောင်စီကိုထောက် ခံပွဲလို့ အမည်ခံပြီးတုတ်၊ ဓား၊ လေးခွ တွေကိုင်ပြီး လမ်းသွားလမ်းလာတွေ၊...

Read moreDetails
Page 175 of 178 1 174 175 176 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist