အာဏာသိမ်း ဒိုင်ယာရီ

မတ် ၁၁၊ ၂၀၂၁။ (ကြာသပတေး)

UNSC အစည်းအဝေးဆုံးဖြတ်ချက်ဒီမနက်ထွက်လာတယ်။ အကြမ်းဖက်အဖွဲ့အစည်းကိုရှုံ့ချကြောင်းစာတစောင်ထုတ်ဖို့တပတ်လောက်အခြေအတင်ဆွေးနွေးရတယ်ဆိုကတည်းက UN ကိုအားကိုးနေလို့မရဘူးဆိုတာပေါ်လွင်စေခဲ့တယ်။ R2P လဲမျှော်မနေပါနဲ့တော့။ ဟိုနေ့ကရေးခဲ့သလိုမျိုးပြည်တွင်းအားချည်းနဲ့ပဲစစ်အုပ်စုကိုဖြိုချဖို့မလွယ်တဲ့အခြေအနေမှာ စစ်ရေးအရအရေးယူဖို့ဘာလမ်းကြောင်းတွေကျန်ဦးမလဲ။ US ကိုရောထည့်စဥ်းစားဦးမှာလား။ ဒါကသူ့အပိုင်းဖြစ်သွားပြီ။ US ကဝင်အရေးယူမယ်ဆိုရင်မြန်မြန်ဆန်ဆန်ပြီးသွားနိုင်မယ်။ သူ့အနေနဲ့ကတော့လုပ်ချင်လဲလုပ်မယ်၊ လုပ်ချင်မှလဲလုပ်မယ်။ ဘာကိုမှတထစ်ချတွက်လို့မရပါ။ အဲ့တော့ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးနည်းလမ်းပါပဲ။ CRPH ရဲ့ဖက်ထရယ်တပ်မတော်ဆိုတာလဲအချိန်အတိုင်းအတာတစ်ခုထိကြာဦးမှာပါ။...

Read moreDetails

မတ် ၁၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မနက်အစောပိုင်းကတည်းကအကုသိုလ်များတဲ့နေ့ပါ။ ဟိုနေ့တွေကရေးခဲ့သလိုစစ်သူပုန်တွေဟာလူထုခြားမှာခြေကုပ်ယူတဲ့လှုပ်ရှားမှုအနေနဲ့ဒီမနက်အစောပိုင်းမှာပဲရန်ကုန်၊ မလွှကုန်းမီးရထားဝန်းဝန်ထမ်းအိမ်ရာကိုဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီဝန်းထဲမှာနေတဲ့အခြေခံလူတန်းစားဝန်ထမ်းများကိုနှင်ထုတ်တယ်။ လိုင်းခန်းထဲကလူထုခမျာမှာ နယ်စပ်ကစစ်ဘေးရှောင် ဒုက္ခသည်များလိုနီးစပ်ရာမှာချက်ချင်းခိုလှုံကြရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ရန်ကုန်လိုမြို့ကြီး ပေါ်မှာဖြစ်ပေါ်နေတာပါ။ နေ့လည်ကျတော့နောက်သတင်းတပုဒ်တက်တယ်။ မြောက်ဥက္ကလာပမြို့နယ်မှာသပိတ်ဖြိုခွဲခံရပြီးကျောင်းသားလူငယ်၂၀၀ ကျော်ကိုဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါတယ်။ စစ်ခွေးတွေဟာသပိတ်ကြောင်းကိုလူစုမခွဲခိုင်းပဲအတင်းဝင်လုံးခဲ့တာပါ။ မြို့နေလူထုကဝန်းရံပေမယ့်လဲမရခဲ့ပါဘူး။

Read moreDetails

မတ် ၉၊ ၂၀၂၁ အင်္ဂါ

​ ဒီရက်ပိုင်းစစ်သူပုန်အဖွဲ့ဟာလူထုကိုနှိမ်နင်းဖို့ဗျူဟာတွေပြောင်းလာတယ်။ ပထမတစ်ခုကမြို့ပေါ်ကကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေမှာအတင်းတပ်စွဲဖို့ကြိုးစားကြတယ်။ ဒီကိစ္စကိုနိုင်ငံအနှံကမြို့တွေမှာဖော်ဆောင်ဖို့လုပ်တယ်။ စစ်သူပုန်အဖွဲ့ဟာရပ်ကျေးအဆင့်အုပ်ချုပ်ရေးကိုဖွဲ့စည်းလို့မရတော့မြို့နယ်တိုင်းမှာစစ်အုပ်ရေးပုံစံအုပ်ချုပ်ဖို့ကြိုးစားနေတာပဲ။ နောက်တစ်ချက်ကမြို့ထဲတပ်စွဲထားရင်လူထုဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ပိုလွယ်သွားမယ်လေ။ ဒုတိယတစ်ခုကတော့စစ်သူပုန်တွေဟာညဘက်တွေမှာရပ်ကွက်တွေထဲထိဝင်ပြီးအသံဗုံးဖောက်တယ်။ သေနတ်တွေနဲ့မဲမဲမြင်ရာလျှောက်ပစ်ကြတယ်။ ညကင်းစောင့်တဲ့သူတွေကိုလဲအကြောင်းမဲ့ဖမ်းဆီးတယ်။ တကယ့်ကိုမင်းမဲ့စရိုက်ဆန်ဆန်လူထုကိုခြောက်လှန့်လာကြတယ်။ စစ်ခွေးတွေရဲ့ယုတ်မာရိုင်းစိုင်းမှုဟာတနေ့တခြားပိုမိုဆိုးရွားလို့လာနေပါပြီ။

Read moreDetails

မတ် (၈)၊ ၂၀၂၁။(တနင်္လာ)

မတ် ၈ ၊ ၂၀၂၁။ (တနင်္လာ။) သတင်းမီဒီယာအားကောင်းတဲ့ တိုက် ၅ ခုကို ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်တယ်။ စစ်သူပုန်တွေရဲ့ လက်နက်က ဒါလား။ သူတို့ညစ်စုတ်နိုင်သမျှ အကုန်ညစ်စုတ်မယ်။ ဘက်ပေါင်းစုံကနေ ယုတ်မာမယ်။ ဒါကို ပြည်သူတွေက ငြိမ်ခံနေရမတဲ့လား။...

Read moreDetails

မတ် ၇၊ ၂၀၂၁။ (တနင်္ဂနွေ)

တစ်ညလုံးကောင်းကောင်းမအိပ်ရတဲ့ညထဲမှာ ဒီညလည်းပါတယ်။ စစ်သူပုန်တွေဟာ ရပ်ကွက်ထဲကိုဝင်ပြီး သေနတ်နဲ့ပစ်ဖောက်တယ်။ ကင်းစောင့်နေတဲ့သူတွေကိုလိုက်လံ ခြိမ်းခြောက်တယ်။ တစ်ချို့ကိုဖမ်းခေါ်သွားကြပြန်တယ်။ ည ၉ နာရီ အချိန်ကတည်းက တိုက်ခန်းမီးတွေကိုပိတ်ထားဖို့အော်ပြောတယ်။ မပိတ်တဲ့တိုက်ခန်းတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ ချောင်းကြည့်တဲ့သူတွေကို အော်ဆဲတယ်။ သေနတ်သံတွေနဲ့ လူတွေကိုခြိမ်း ခြောက်နေတာဖြစ်တယ်။...

Read moreDetails

မတ် ၆၊ ၂၀၂၁(စနေ)

မနေ့ကပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး UNSC တံခါးပိတ်အစည်းအဝေးဟာဘာမှတိကျသေချာတဲ့ရလဒ်တစ်ခုထွက်မလာခဲ့ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုချဖို့နေနေသာသာ ကြေငြာချက်လေးတစ်စောင်တောင်မထုတ်ပြန်နိုင်ခဲ့ဘူး။ တကယ်တော့လည်း UN ဆိုတာ မြန်မာပြည်အတွက် သိပ်မျှော်လင့်လို့ရတဲ့အဖွဲ့အစည်းတစ်ခုတော့အရင်ကတည်းကမဟုတ်ခဲ့ပါဘူး။ တရုတ်နဲ့ရုရှားကအမြဲတမ်းကန့်လန့်တိုက်ပေးနေကျပဲလေ။ လက်ရှိပြည်တွင်းကအခြေအနေကလူထုဘက်ကအောင်မြင်ဖို့ရာခိုင်နှုန်းတွေတိုးလာခဲ့တယ်။ လူထုလှုပ်ရှားမှုအရှိန်လုံးဝကျမသွားဘူး။ CDM အောင်မြင်နေတယ်။ CRPH ကလဲနိုင်ငံတကာမျက်နှာစာခြေလှမ်းစိပ်စိပ်ဆက်သွားနေပြီးစစ်ကောင်စီကိုသွေးပျက်စေတယ်။ ဒါပေမယ့်ကိုယ်တွေအဓိကလိုချင်တဲ့အချက်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျသွားခြင်း...

Read moreDetails

မတ် ၅၊ ၂၀၂၁။(သောကြာ)

သေနတ်သံတွေနဲ့ ဖြတ်သန်းရတဲ့နေ့ပါပဲ။ ကျွန်တော်အိမ်ဘေးမှာသေနတ်သံတွေဆူညံနေခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သပိတ်လာရောက်ဖြိုခွင်းခဲ့တယ်။ ကျည်အစစ်တွေလား၊ အသံဗုံးတွေလား  သေသေချာချာမသိပေမယ့် သေနတ်သံတွေဆူညံနေခဲ့တယ်။ စစ်သူပုန်တွေဟာ သပိတ် ဖြိုခွင်းရုံတစ်ခုတည်းမဟုတ်ဘူး။ ရပ်ကွက်ထဲကိုဝင်ပြီး အော်ဟစ်ဆဲဆိုသွားကြသေးတယ်။ သတ္တိရှိတဲ့ကောင်ထွက်ခဲ့၊ လီးကိုဆန္ဒပြ စတဲ့ အမနာပစကားတွေနဲ့ ဆဲဆိုသွားကြသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့...

Read moreDetails

မတ် ၄၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ကတနိုင်ငံလုံးမှာအနည်းဆုံးလူ၅၀ ကျော်သေဆုံးခဲ့တဲ့ Bloody Day အပြီးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးလုပ်မယ်လို့သတင်းတွေတက်လာတယ်။  ဒီနေ့မှာတော့ဒေါက်တာဆာဆာရဲ့ R2P ကိုထောက်ခံတဲ့အစီရင်ခံစာထုတ်လိုက်တယ်။ တကယ်တော့စစ်သူပုန်အုပ်စုဟာလက်ရှိအနေအထားကနေနောက်ဆုတ်ဖို့လုံးဝမရှိဘူးဆိုတာမနေ့ကပြသပြီးသွားပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။ ပြည်တွင်းကလူထုလှုပ်ရှားမှုနဲ့ CDM တို့ဟာလက်ရှိအမြင့်ဆုံးအနေအထားမှာတောင်စစ်ကောင်စီကိုဖြုတ်ချဖို့အလှမ်းဝေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ဟာနိုင်ငံတကာအကူအညီကိုယူရပါလိမ့်မယ်။

Read moreDetails

မတ် ၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့ကျွန်တော့်ဇာတိမြေမှာအကြီးအကျယ်သွေးစွန်းခဲ့တယ်။ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာစစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်။ စစ်သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူငယ်တွေကို အပြင်းအထန်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ လူငယ်တွေဟာလည်းရန်ကုန်မြို့လယ် မြေနီကုန်း၊ လှည်းတန်း လိုနေရာမျိုးမှာခံစစ်ထိုင်ပြီးကြံကြံခံဆန္ဒပြကြတယ်။ အသေအပျောက်တွေလည်းရှိလာခဲ့တယ်။ ရက်နည်း...

Read moreDetails

မတ် ၂၊ ၂၀၂၁။ (အင်္ဂါ)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ခြေလှမ်းတွေက ဒီရက်ပိုင်းသွက်လာတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့လူ ၂၃ ယောက်ကြွေလွင့်အပြီးမှာ စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေငြာလိုက်သလို ဒီနေ့မှာလဲပြည်ထောင်စုဝန်ကြီးတွေခန့်အပ်နေပြီဆိုတော့ အစိုးရဖွဲ့နေပြီဆိုတဲ့သဘောပေါ့။ တစ်နိုင်ငံလုံးမှာတော့လူထုဆန္ဒပြပွဲတွေဆက်လက်အရှိန်တက်နေဆဲပါပဲ။

Read moreDetails
Page 174 of 178 1 173 174 175 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist