စီဒီအမ်သမားတွေကို အုံနဲ့ကျင်းနဲ့လိုက်လံဖမ်းဆီးနေကြတယ်။ ဆန္ဒပြလူငယ်တွေကိုလည်းလိုက်လံဖမ်း ဆီးနေကြတယ်။ သူတို့ရဲ့ ရက်စက်မှုအရှိန်က လုံးဝလျော့မသွားဘူး။ စိတ်ပျက်စရာကောင်းလှတယ်။ အင်း စိန်ပိန်းနဲကုန်းထဲမှာ ဧည့်စာရင်းလာစစ်တယ်။ အိမ်ထဲကလူတွေအားလုံးကို အပြင်ထွက်ခိုင်းပြီးစစ်အုပ်စု က အိမ်ထဲကိုတက်ရှာတယ်။ တစ်အိမ်လုံးကိုလည်းမွှေနှောက်သွားတယ်။ လူတွေလည်းကြောက်နေကြ တယ်။ ကျွန်တော့်အဒေါ်ဆို သူ့မှာရှိတဲ့ပိုက်ဆံတွေကို ဆန်အိုးထဲဖွက်ထားရသေးတယ်တဲ့။ အားလုံးက အ ကြောက်တရားနဲ့နေထိုင်ကြရတဲ့ဘဝပါ။ သံပုံးလည်းတီးလို့မရတော့ဘူး။ သံပုံးတီးတဲ့အိမ်တွေကိုပစ်မှတ် ထားပြီး လိုက်ပစ်နေတယ်။ ဓါတ်မီးနဲ့ထိုးပြီးလိုက်ပစ်နေတာ။ သူတို့ ကမ်းကုန်အောင်ယုတ်မာနေကြပြီ။ လူတွေလည်း စိတ်ဓါတ်တွေပါကျလာတယ်။ သူတို့ မြန်မြန်မျိုးပြုတ်ပါစေကြောင်းဆုတောင်းရတာလည်း မောလှပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


