မရမ်းကုန်းမြို့နယ်မှာ သံပုံးတီးသံတွေတိုးသွားတယ်။ ရပ်ကွက်တစ်ချို့က လုံးဝမတီးကြတော့ဘူး။ စစ်သူ ပုန်တွေဟာ နည်းလမ်းတစ်မျိုးကိုလုပ်ပြန်တယ်။ သူတို့က သံပုံးကိုစတီးတယ်။ ရပ်ကွက်က လိုက်တီးတဲ့ အခါ သံပုံးတီးတဲ့အိမ်တွေကို မှတ်ထားတယ်။ သုံးရက်မြောက်လောက်မှာ သံပုံးတီးတဲ့အိမ်တစ်အိမ်ချင်းကို ဝင်ဖမ်းတယ်။ ယောင်္ကျားလေးသက်သက် မိန်းကလေးသက်သက်ခွဲလိုက်တယ်။ ယောင်္ကျားလေးတွေကို ကန်ကျောက်ပြီး တစ်ညလုံးသံပုံးတီးခိုင်းတယ်။ မိန်းကလေးတွေကိုတော့ က ခိုင်းတယ်။ ပါးစပ်ကလည်း အမျိုးမျိုးဆဲရေးတိုင်းထွာတယ်။ “မင်းတို့တွေ အဲလောက်တီးချင်နေတာ တစ်ညလုံးတီး” ဆိုပြီး တီးသံရပ် ရင်ဆောင့်ကန်တယ်။ “ကောင်မတွေ နင်တို့လည်းအတူတူပဲ” ဆိုပြီး မိန်းကလေးတွေကို အတင်း က ခိုင်း တယ်။ အဲဒါ သမိုင်း (၁) ရပ်ကွက်မှာ လုပ်သွားတာ။ ဧည့်စာရင်းမတိုင်မနေရဖြစ်သွားတယ်။ ဘာလို့လဲဆို တော့ ရပ်ကွက်တစ်ခုမှာ မိသားစု (၁၀၀) ရှိရင် ရာခိုင်နှုန်း ၈၀ လောက်က ဧည့်စာရင်းသွားတိုင်တော့ကျန် တဲ့မိသားစုပါ မနေနိုင်တော့ဘူး။ အားလုံးက သူတို့လက်ထဲရောက်သွားခဲ့ရပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


