လာမယ့် ၂၀ ရက်မှာ ပြုလုပ်မယ့် အာဆီယံအရေးပေါ်အစည်းအဝေးမှာ မင်းအောင်လှိုင်တက်ဖို့ဖိတ်ခေါ် ခံရတာနဲ့ပတ်သက်လို့ လူပြောများနေကြတယ်။ မင်းအောင်လှိုင်သာ မြန်မာနိုင်ငံအပြင်ဖက်ကိုထွက်ရင် အိုင်စီဂျေအမှုနဲ့ဖမ်းဆီးဖို့ကိုလည်းပြောနေကြတယ်။ နိုင်ငံအရေးနဲ့ပတ်သက်လို့ ပြည်သူတွေဟာအရာရာ တိုင်းကို နားထောင်နေကြတယ်။ သတင်းမပြတ်စေဖို့ အွန်လိုင်းသုံးလို့ရတဲ့သူတွေကိုမေးကြတယ်။ ဒါ ကြောင့် စစ်သူပုန်တွေဟာ လိမ်ချင်တိုင်လိမ်လို့တော့မရပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


