အာဏာသိမ်း ဒိုင်ယာရီ

မေ ၆၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့ နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ ရန်ကုန်မြို့တစ်ဝိုက်မှာ လေပြင်းတွေတိုက်ခိုက်ပြီး တစ်ချို့ နေရာတွေမှာ မီးပျက်သွားခဲ့တယ်။ လေနဲ့အတူ မအလတို့အုပ်စုပါသွားဖို့ကိုလည်း အလျှိုလျှိုဆုတောင်း နေကြတယ်။ ဂျီ ၇ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေထွက်လာတယ်။ ထုံးစံအတိုင်းစိုးရိမ် ပူပန်ပါတယ်ဆိုတာမျိုး...

Read moreDetails

မေ ၅၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

အန်ယူဂျီက ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်တယ်။ ဒီ သတင်းကို အားလုံးကဝမ်းသာကြိုဆိုကြတယ်။ တစ်ဖက်မှာလည်း စစ်သူပုန်တွေဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်ဖို့ကြိုးစားနေတယ်။ ကျောင်းလခတွေကောက်ခံဖို့ပြင်ဆင်နေကြ တယ်။ သူတို့ရဲ့ လာဘ်စားလိုတဲ့စိတ်နဲ့အတူ ရသမျှသဲ့ယူဖို့ ငွေဝင်ပေါက်တွေအားလုံးကိုလိုက်လံရှာဖွေနေကြ တယ်။ ဂြိုလ်တုစလောင်းတွေကလွှင့်တဲ့ရုပ်သံလိုင်းကိုကြည့်ရင်ထောင်ဒဏ်၊ ငွေဒဏ်ချခံရမယ်လို့လည်း သတင်းထုတ်ပြန်တယ်။...

Read moreDetails

မေ ၄, ၂၀၂၁။ (အင်္ဂါ)

စစ်အုပ်စုက သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၈ နာရီမှ မနက် ၄ နာရီအစားည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ်ပြင်ဆင်သတ်မှတ်လိုက်တယ်။ သူတို့တွေက သဘောထားကြီးစွာနဲ့ဖြေလျှော့ တယ် လို့သံကောင်းဟစ်ပေမယ့် ပြည်သူတွေကတော့ မကျေနပ်နိုင်ဘူး။...

Read moreDetails

မေ ၃၊ ၂၀၂၁။ ( တနင်္လာ)

အချိန်သုံးလကျော်ကြာပြီးတဲ့နောက်မှာ သွေးအေးလာတယ်လို့အများကထင်ကောင်းထင်နိုင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တစ်ရက်မှာသွေးမအေးခဲ့ဘူး။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့မကျေနပ်မှုတွေ နဲ့အတူ စစ်သူပုန်အုပ်စုကို ရတဲ့နည်းနဲ့တိုက်ခိုက်ချင်စိတ်တွေဖြစ်ပေါ်နေခဲ့တယ်။ အာဆီယံနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေတယ်။ ကိုဗစ်အတွက် အရေးထားပြီးဆောင်ရွက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်သူပုန်တွေနဲ့နေ့စဉ်ခက်ခဲတဲ့ရက် တွေကိုဖြတ်သန်းနေရတယ်။ စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့် ၂၄ နာရီအတွင်း လူ...

Read moreDetails

မေ ၂၊ ၂၀၂၁။ (တနင်္ဂနွေ)

မြန်မာတစ်နိုင်ငံလုံးဆန္ဒပြမယ်လို့ သတင်းလွှင့်ထားတဲ့နေ့။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ စိတ်ထဲ ကဆန္ဒအတိုင်းအပြင်ကိုရဲရဲဝံ့ဝံ့ထွက်ပြီး ဆန္ဒထုတ်ဖော်လို့မရပါဘူး။ မြန်မာနိုင်ငံအနှံ့မှာ ပြောက်ကျားစနစ် နဲ့ဆန္ဒထုတ်ဖော်နေကြရပါတယ်။ စစ်အုပ်စုကလည်း ပစ်ခတ်ဖြိုခွင်းဖို့အဆင်သင့်စောင့်နေခဲ့တယ်။ အင်း စိန်၊ လှိုင်သာယာ၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ လှိုင်နဲ့...

Read moreDetails

မေ ၁၊ ၂၀၂၁။ (စနေ)

မေလ ၁ ရက်၊ ရုံးပိတ်ရက်။ ဒါပေမဲ့ ပြည်သူတွေကအနားမနေကြဘူး။ နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ကို ပြောက်ကျားစနစ်နဲ့ဆင်နွဲနေတယ်။ ဘတ်စ်ကားစီးရင်း သွေးသစ္စာသီချင်းကိုသီဆိုပြီး အတူတူဆန္ဒပြ ခဲ့ကြသူတွေ၊ မိုးရေထဲမှာ ရန်ကုန်သားတွေပြန်လာပြီဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒထုတ်ဖော်ကြသူတွေ၊ ညဖက်သံဗုံးတီးရင်သေနတ်နဲ့လိုက်ပစ်နေတာကို အံတုပြီး အမှောင်ထုထဲကနေ...

Read moreDetails

ဧပြီ ၃၀၊ ၂၀၂၁။ (သောကြာ)

ဇော်မဲလုံးဟာ သတင်းစာရှင်းလင်းပွဲပုံစံကိုပြောင်းလဲလိုက်တယ်။ အပတ်စဉ်အွန်လိုင်းစနစ်နဲ့လုပ်မယ်လို့ သတင်းထုတ်ပြန်ထားပြီး သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်မပြောတော့ဘူး။ ဗိုလ်ကြီးအဆင့်လူသုံး ယောက်ကို သတင်းထုတ်ပြန်ဖို့တာဝန်ပေးလိုက်တယ်။ အဲဒီအထဲမှာ အေးသဇင်မြင့်ဆိုတဲ့ကောင်မလေး တစ်ယောက်ပါလာတယ်။ ကျွန်တော်နဲ့အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့မိန်းကလေး။ ဂျာနယ်လစ်ဇစ်နဲ့ကျောင်း ပြီးထားပြီး သတင်းစာသမားတစ်ယောက်အဖြစ်အတော်ကြာအောင်လုပ်ဖူးခဲ့တဲ့ အဲဒီမိန်းကလေးက ဇော် မဲလုံးရဲ့ဘက်တော်သားဖြစ်သွားတာကို‌တော်တော်အံအားသင့်မိတယ်။ ကျွန်တော်အပါအဝင်သတင်းမီဒီ...

Read moreDetails

ဧပြီ ၂၉၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့ မြန်မာနိုင်ငံတစ်ဝန်းနေရာအနှံ့မှာ ဗုံးပေါက်တယ်။ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတွေနဲ့ အခြား စစ်အစိုးရပိုင်းဆိုင်ရာ နေရာတွေပေါ့။ အဲဒီအထဲမှာ မိထ္ထီလာ လေတပ်စခန်း လည်းပါတယ်။ တွေးထင်စရာနှစ်ချက်ရှိတယ်။ (၁) အချက်ကတော့ စစ်အုပ်စုက သူတို့အဆောက်အဉီ တွေကို သူတို့ကိုယ်တိုင်ဖောက်ခွဲမှုတွေပြုလုပ်ပြီး...

Read moreDetails

ဧပြီ ၂၈၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဆန္ဒပြလူအုပ်ကြီးတစ်စုရဲ့ပုံ အင်တာနက်ပေါ်တက်လာတယ်။ ရန်ကုန်မြို့တစ်နေရာလို့ပဲအားလုံးကသိ ထားကြတယ်။ ဘယ်နေရာလဲ အတိအကျမပြောထားဘူး။ လူထောင်ချီတန်းစီလှည့်လည်ပြီး ခပ်သုတ် သုတ်လေး ဆန္ဒထုတ်ဖော်ကြတဲ့မြင်ကွင်းကြောင့် စိတ်ချမ်းသာသွားတယ်။ ပြည်သူတွေဟာ သွေးမအေး သွားခဲ့ကြပါဘူး။ စစ်သူပုန်တွေကို ပုံစံမျိုးစုံနဲ့ရရင်ရသလို တွန်းလှန်နေမှာပဲ။ သူတို့တွေဟာ လက်နက်အား ကိုးနဲ့...

Read moreDetails

ဧပြီ ၂၇၊ ၂၀၂၁။ (အင်္ဂါ)

ဖိုင်ဘာအင်တာနက်လိုင်းတွေကို အချိန်အကန့်အသတ်နဲ့ပေးရာကနေ ၂၄ နာရီပတ်လုံးအသုံးပြုနိုင်အောင် လုပ်ပေးလိုက်တယ်။ ဒါဟာ ဖြေလျော့ပေးတာဆိုပြီး စစ်သူပုန်တွေဖက်က နာမည်ကောင်းဝင်ယူနိုင်ပေ မယ့် ပြည်သူတွေဖက်ကတော့ ကျေနပ်စရာအကြောင်းကိုမရှိဘူး။ ကျွန်တော်တို့မှာ ဘရော့ဘန်းအင်တာ နက်၊ မိုဘိုင်းအင်တာနက်တွေမရသေးဘူး။ ကိုယ့်ပိုက်ဆံပေးပြီး ကိုယ်သုံးတဲ့မူလအခွင့်အရေးကိုမရနိုင် သေးဘူး။ ဒီအတွက်...

Read moreDetails
Page 173 of 182 1 172 173 174 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist