ဆန္ဒပြလူအုပ်ကြီးတစ်စုရဲ့ပုံ အင်တာနက်ပေါ်တက်လာတယ်။ ရန်ကုန်မြို့တစ်နေရာလို့ပဲအားလုံးကသိ ထားကြတယ်။ ဘယ်နေရာလဲ အတိအကျမပြောထားဘူး။ လူထောင်ချီတန်းစီလှည့်လည်ပြီး ခပ်သုတ် သုတ်လေး ဆန္ဒထုတ်ဖော်ကြတဲ့မြင်ကွင်းကြောင့် စိတ်ချမ်းသာသွားတယ်။ ပြည်သူတွေဟာ သွေးမအေး သွားခဲ့ကြပါဘူး။ စစ်သူပုန်တွေကို ပုံစံမျိုးစုံနဲ့ရရင်ရသလို တွန်းလှန်နေမှာပဲ။ သူတို့တွေဟာ လက်နက်အား ကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်နေပေမဲ့ ပြည်သူတွေကတွန့်ဆုတ်သွားမှာမဟုတ်ပါဘူး။ စီဒီအမ်သမား တွေ၊ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးမပြေလည်မှုတွေများလာတယ်။ တစ်ယောက်ကိုတစ် ယောက်ဖေးကူကြပေမယ့် မပြေလည်မှုတွေများလာတဲ့အခါ ကျွန်တော်တို့အလုပ်ထွက်လုပ်တာမျိုးရှိကြ တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့မအလအဖွဲ့ကို အရိုးစွဲတဲ့အထိ နာကျည်းမုန်းတီးနေကြတယ်။ ဒီတိုက်ပွဲကို နိုင်အောင်တိုက်မှရမယ်။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...