ဒီနေ့ မြန်မာနိုင်ငံတစ်ဝန်းနေရာအနှံ့မှာ ဗုံးပေါက်တယ်။ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတွေနဲ့ အခြား စစ်အစိုးရပိုင်းဆိုင်ရာ နေရာတွေပေါ့။ အဲဒီအထဲမှာ မိထ္ထီလာ လေတပ်စခန်း လည်းပါတယ်။ တွေးထင်စရာနှစ်ချက်ရှိတယ်။ (၁) အချက်ကတော့ စစ်အုပ်စုက သူတို့အဆောက်အဉီ တွေကို သူတို့ကိုယ်တိုင်ဖောက်ခွဲမှုတွေပြုလုပ်ပြီး ပြည်သူတွေကလုပ်ပါတယ်လို့ အသံကောင်းဟစ်ချင် တာမျိုး (စီအန်အန်လာတုန်းက ရန်ကုန်မြို့တွင်းက စစ်တပ်ပိုင်ဈေးဝယ်စင်တာနှစ်ခုကို သူတို့ကိုယ်တိုင် ဗုံးဖောက်ခွဲပြီး အတန်ရှည်ယူသလိုပေါ့) ဖြစ်တယ်။ (၂) အချက်ကတော့ ပြည်သူတွေက စစ်အုပ်ချုပ်ရေး ကို မနှစ်သက်လို့ ရရာပုံစံနဲ့တိုက်ခိုက်နေတာဖြစ်တယ်။ သေချာတာကတော့ ပြည်သူတွေမှာ လက်နက် မ ရှိဘူး။ အဲဒီတော့ နေရာအနှံ့ဗုံးပေါက်ကွဲနေတဲ့အချက်က စဉ်းစားစရာဖြစ်လာတယ်။ ကျွန်တော်အနေနဲ့က တော့ စစ်သူပုန်တွေအုပ်စိုးတဲ့နေရာမှန်သမျှကို ဖောက်ခွဲပစ်ချင်နေတာပါပဲ။ အများပြည်သူလည်းသူတို့ရဲ့ အုပ်ချုပ်ပုံစနစ်ကို တစ်စက်ကလေးမှ သဘောမကျဘူးလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


