ဖိုင်ဘာအင်တာနက်လိုင်းတွေကို အချိန်အကန့်အသတ်နဲ့ပေးရာကနေ ၂၄ နာရီပတ်လုံးအသုံးပြုနိုင်အောင် လုပ်ပေးလိုက်တယ်။ ဒါဟာ ဖြေလျော့ပေးတာဆိုပြီး စစ်သူပုန်တွေဖက်က နာမည်ကောင်းဝင်ယူနိုင်ပေ မယ့် ပြည်သူတွေဖက်ကတော့ ကျေနပ်စရာအကြောင်းကိုမရှိဘူး။ ကျွန်တော်တို့မှာ ဘရော့ဘန်းအင်တာ နက်၊ မိုဘိုင်းအင်တာနက်တွေမရသေးဘူး။ ကိုယ့်ပိုက်ဆံပေးပြီး ကိုယ်သုံးတဲ့မူလအခွင့်အရေးကိုမရနိုင် သေးဘူး။ ဒီအတွက် သူတို့ကိုကျေးဇူးတင်စရာလည်းမလိုဘူး။ အာဆီယံအစည်းအဝေးထုတ်ပြန်ချက်ဟာ မအလအပေါ်သက်ရောက်မှုမရှိဘူး။ မအလအုပ်စု စစ်သူပုန်တွေဟာ ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့နှိပ် ကွက်နှိမ်နင်းနေတုန်းပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


