မအလ ဂျာကာတာကိုသွားတဲ့သတင်းက လူပြောများစရာဖြစ်လာတယ်။ အာဆီယံအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အချက် ငါးချက်နဲ့ပတ်သက်လို့ ကောင်းတယ်ပြောတာရှိသလို မထိရောက် ဘူးလို့လည်းဝေဖန်နေကြပြန်တယ်။ ကျွန်တော့်အမြင်ကတော့ ဒါက အာဆီယံအနေနဲ့ ပြင်းထန်တဲ့သတိ ပေးချက်တစ်ခုဖြစ်တယ်လို့ယူဆမိတယ်။ အစကတည်းက အာဆီယံဟာလည်း မိတ်အင်ချိုင်းနားကြီးပဲ လေ။ ဒါကြောင့် အများကြီးမျှော်လင့်လို့မရဘူး။ ကျွန်တော်တို့မှာ မျှော်လင့်စရာဆိုလို့ သိပ်မရှိပါဘူး။ ကိုယ့် အားကိုယ်ကိုးဖို့ကလည်း သူတို့တွေက လက်နက်နဲ့အတင်းကာရောခြိမ်းခြောက်ထားတယ်။ လက်နက် အ ကြောင်းပြုပြီး နည်းပေါင်းစုံကနေ အကျင့်ယုတ်နေကြတယ်။ ဘာဆက်လုပ်ရမှန်းကိုမသိတာ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


