ဒေါ်သက်သက်ခိုင်အိမ် ဗုံးပေါက်တယ်ကြားပါတယ်။ ပြည်သူတွေလုပ်တာလို့သူတို့က စွပ်စွဲနိုင်ပေမယ့် ပြည်သူတွေဆီမှာ ဘာလက်နက်မှမရှိတာပဲကို။ ပြီးတော့ ညဖက် ၉ နာရီအချိန်ဆိုတော့ အပြင်မထွက်ရ ဘူးလို့သတ်မှတ်ထားတယ်လေ။ အပြင်ထွက်ရင် သေနတ်နဲ့ပစ်သတ်ကြတော့ ဘယ်သူ့မှအပြင်မထွက်ရဲ ကြတော့ဘူး။ အာဆီယံအစည်းအဝေးကို မအလ တက်ရောက်ဖို့ ဂျာကာတာကိုရောက်ကတည်းက သူ့အ တွက်ဆုတောင်းပေးနေကြတယ်။ သူသေပါစေ ဒါမှမဟုတ် အဖမ်းခံရပါစေဆိုတာမျိုးပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


