ဒီနေ့လည်း ကလေးမြို့က တာဟန်းသပိတ်စခန်းဖြိုခွဲခံရလို့ပြည်သူ၁၀ဦးထပ်မနည်းကျဆုံးသွားပါတယ်။ စစ်သူပုန်တွေကအင်အားအလွန်အကျွံသုံးပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်ပါတယ်။
မြေပြင်အခြေအနေတွေကတော့ ဆက်လက်ဆိုးရွားနေဆဲပါ။ ဧပြီလပထမအပတ်ထဲမှာ အစိုးရသစ် ဖွဲ့မယ်လို့ကြေငြာထားတဲ့ CRPH ကတော့ခုရက်ပိုင်းငြိမ်ချက်သားကောင်းနေပါတယ်။ ဒီနေ့ထိ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။
CRPH အနေနဲ့အခက်အခဲတွေအများကြီးရှိနေမယ်ဆိုတာသိပေမယ့်လည်း ဒီထက် ပိုပြီးမြန်မြန်ဆန်ဆန်လှုပ်ရှားစေချင်တယ်။ မဟုတ်ရင်တော့ သူလည်းလှုပ်၊ ပြည်သူလည်းစုံးစုံး မြုပ်ဖြစ်တော့မှာပါ။