ညဖက် ၉ နာရီ ၄၅ မိနစ်မှာ ဗဟိုလမ်းတစ်လျှောက်စစ်ကားတွေဖြတ်သွားသလို ဆိုင်ကယ်တွေလည်းဖြတ် သွားနေတယ်။ စစ်သူပုန်တွေဟာ ကင်းလှည့်နေတာလား။ ဘာအကောက်ကြံမလဲမသိတော့လောက် အောင်ပါပဲ။ အင်းစိန်မြို့သစ်ရက်ကွက်၊ က ၆ လမ်းမှာတော့ လူငယ်စာရင်းတွေထုတ်ပြန်လာတယ်။ အရံ မီးသတ်တပ်ဖွဲ့ဖွဲ့မယ်ဆိုပြီး လူငယ်တွေရဲ့နာမည်နဲ့တကွ အုပ်ချုပ်ရေးမှူးရုံးကအကြောင်းကြားလာတော့ ဒီစစ်သူပုန်တွေရဲ့ ဘာကလိမ်စေ့ဉာဏ်ဆင်လုပ်ဦးမလဲတွေးကြတယ်။ ကျွန်တော့်ညီတစ်ယောက်ရဲ့နာ မည်လည်းပါလာတော့ မိသားစုက သူ့ကိုခဏရှောင်ခိုင်းထားတယ်။
ရပ်ကွက်ထဲကလူငယ်တော်တော် များများလည်း ရှောင်နေကြတယ်။ ကိုယ့်အိမ်မှာကိုယ်ကောင်းကောင်းမနေရသလို လမ်းသွားရင်လည်းလုံ လုံခြုံခြုံမသွားရဘူး။ သူတို့ပြောတော့ ရပ်ရွာအေးချမ်းသာယာရေးတဲ့။ ဒါပေမဲ့ ရပ်ရွာ မြို့နယ်အေးချမ်းမှု မရှိအောင် သူတို့ပဲလုပ်နေတယ်ဆိုတာကို အားလုံးကသဘောပေါက်ကြပြီးသား။ သူတို့ဟာ တိရိစ္ဆာန်နဲ့ လည်းနှိုင်းလို့မရအောင် တိရိစ္ဆာန်သိက္ခာကျတယ်။ ပြောစရာမရှိတဲ့ အရက်စက်ဆုံးသတ္တဝါတွေပါပဲ။ ဘယ် တော့ကျဆုံးမလဲနားမလည်နိုင်လောက်အောင်ပဲ။ ဘုရားနဲ့ နတ်ကောင်းနတ်မြတ်အပေါင်းကလည်းလက် ပိုက်ကြည့်နေသလားလို့တောင် တစ်ခါတစ်လေ အပြစ်တင်မိတော့တယ်။ ငြိမ်းချမ်းတဲ့နေ့တွေဆီကို အ မြန်ရောက်ချင်နေပါပြီ။