လန်ဒန်မြို့လယ်ကမြန်မာသံရုံးလည်း အာဏာသိမ်းခြင်းခံလိုက်ရပါတယ်။ သံအမတ်ကြီးမရှိတဲ့အချိန်မှာ စစ်သံမှုးနဲ့ ဒုသံမှုးတို့ပူးပေါင်းပြီးသံရုံးကိုထိန်းချုပ်လိုက်တာပါ။ ဒါပေမဲ့ သံအမတ်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပြည်သူ့ဘက်တော်သားတယောက်တော့မဟုတ်ပါဘူး။ ခြံစည်းရိုးခွထိုင်နေတဲ့လူတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။
ပြည်တွင်းမှာလည်း အရေးတော်ပုံမှာပါဝင်လှုပ်ရှားနေတဲ့နိုင်ငံကျော်အနုပညာရှင်တွေ၊ Celebrities တွေ၊ Social Influencer တွေကို ပုဒ်မ ၅၀၅က နဲ့ဖမ်းဝရမ်းထုတ်ပြန်ပြီးနေ့စဥ်ဖမ်းဆီးနေပါတယ်။ ဒီနေ့ဆိုဒေသတွင်းမှာနာမည်ကြီးလာတဲ့မြန်မာမော်ဒယ်ပိုင်တံခွန်ဖမ်းဆီးခံလိုက်ရပါတယ်။ Celebrities အတော်များများလဲရှောင်တိမ်းနေရပါတယ်။