သမိုင်းနားက မုဒိတာအိမ်ယာ (၁) မှာ လူငယ်တွေကိုဖမ်းသွားတယ်။ ဒလန်ကသတင်းပေးလို့တဲ့။ စစ် သူပုန်တွေဟာ အခုရက်ပိုင်း လူငယ်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတယ်။ ဖယ်ဒရယ်အာမီ အတွက်လူစုမှာစိုးလို့လား၊ သူတို့အတွက် ပေါ်တာဆွဲတာလားမပြောတတ်ဘူး။ သေချာတာကတော့ CRPH ရဲ့ ခြေလှမ်းနှေးလေလေ၊ ပြည်သူတွေအတွက် လူငယ်တွေအတွက် ရတက်မအေးရလေလေပဲဖြစ် နေတော့တယ်။ တွေးကြည့်တိုင်းရင်လေးစရာဖြစ်လာတယ်။
လမ်းသွားလမ်းလာတွေကို ဖုန်းစစ်တယ်။ ကီးပတ်ဖုန်းပြရင်ပါးရိုက်တယ်တဲ့။ ဖုန်းထဲမှာ ဆန္ဒပြတဲ့ပုံတွေ ကိုတွေ့ရင်ဖမ်းသွားတယ်။ မတွေ့ပေမယ့် ဖုန်းအရည်အသွေးကိုသူတို့သဘောကျသွားရင် သိမ်းသွား တယ်။ ကဲ ဒီတော့ ဘယ်လိုတွေလုပ်ရမလဲတောင်မသိတော့ဘူး။ အပြင်ထွက်လည်းစိတ်မချရ။ အိမ်မှာနေ ရင်လည်း သူတို့က တံခါးမရှိ၊ ဓါးမရှိဝင်ထွက်သွားလာဖမ်းဆီးမယ်။ ပညာမတတ်တဲ့ကောင်တွေက လက် နက်အားကိုးနဲ့ ပညာတတ်ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတဲ့အဖြစ်ကနေ လွတ်မြောက်ခွင့်ပြုပါ တော့။