ဒီရက်ပိုင်းကြားရတဲ့သတင်းတွေက အရေးတော်ပုံအတွက်အားရစရာဘာတစ်ခုမှမရှိဘူး။
စစ်ကောင်စီက ဧည့်စာရင်းတွေတိုင်ခိုင်းလာတယ်။ ရပ်ကျေးအုပ်ချုပ်ရေးကို အကောင်အထည်ဖော်လာပြီဆိုတဲ့သဘော။ လူတွေကကြောက်ပြီးဧည့်စာရင်းသွားတိုင်ကြတယ်။ ဖမ်းစရာရှိရင်ဆိုင်ဆိုင်မဆိုင်ဆိုင်အဲ့ဒီအိမ်တွေလူတွေကိုပဲဖမ်းသွားတယ်။ တချို့အုပ်ချုပ်ရေးမှူးရုံးတွေလဲလက်သည်မပေါ်ပဲမီးလောင်ပြာကျကုန်တယ်။
အဖမ်းအဆီးတွေကတော့နေတိုင်းရှိနေတယ်။ မြို့လယ်ကောင်မှာတောင် ATM စက်မှာငွေလာထုတ်တဲ့သူတွေကိုအကြောင်းပြချက်မရှိဖမ်းသွားတယ်။ ဘာဥပဒေမှမရှိဘဲလုပ်ချင်တိုင်းလုပ်နေကြတယ်။