အခုရက်ပိုင်းဟာ ဧည့်စာရင်းဥပဒေနဲ့ ပြည်သူတွေဖိနှိပ်ခံရမှုပိုများလာပါတယ်။ ရပ်ကွက်ထဲက လူတွေ ဟာ ကြောက်ကြောက်နဲ့ပဲ ဧည့်စာရင်းတိုင်ကြရတယ်။ ပြည်သူတွေကြားထဲမှာလည်း အခက်အခဲတွေ၊ ညှိ နှိုင်းမရတာတွေဖြစ်နေပါတယ်။ တကယ်တမ်းတော့ ဧည့်စာရင်းလာစစ်တာမျိုးတွေတော့မရှိသေးပါဘူး။ အားလုံးက အကြောက်တရားတွေနဲ့နေကြရတာပါပဲ။
သင်္ကြန်တွင်းဆိုပေမယ့် တိတ်ဆိတ်ခြောက်ကပ်နေတယ်။ မုန့်လုံးရေပေါ်သပိတ်၊ ပိတောက်သပိတ် အစရှိ တဲ့သင်္ကြန်နဲ့ပတ်သက်တာလုပ်လို့ရသမျှတွေကို လုပ်နေကြရတယ်။ စစ်သူပုန်တွေ မြန်မြန် သေချင်းဆိုးပါ တော့လို့သာ ဆုတောင်းနေမိတော့တယ်။