အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၂၉၊ ၂၀၂၁။ (ကြာသပတေး)

မင်းကင်းမြို့ဝန်းကျင်မှာ ပီဒီအက်ဖ်အဖွဲ့ဝင် ၅၇ ယောက်အဖမ်းခံလိုက်ရတဲ့သတင်းက တော်တော်လေးစိတ်မ ကောင်းစရာပဲ။ မအလ အုပ်စုအတွက် ပြည်သူတွေပေးဆပ်ခဲ့ရတာအရမ်းတွေများပြားနေပြီ။ ဆုံးရှုံးလိုက်ရတဲ့ အသက်ပေါင်းလည်းမနည်းတော့ဘူး။ သူတို့ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ထောင်ထဲထည့်ထားတဲ့သူတွေအများ ကြီး။ ဒါ့အပြင် သူတို့ရဲ့စီမံခန့်ခွဲမှုမတတ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသွားကြရတဲ့လူပေါင်းလည်းမနည်းဘူး။ အန္တရယ်ပေါင်းစုံကြားမှာ ရှင်သန်နေရတာ...

Read moreDetails

ဇူလိုင် ၂၈၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မင်းအောင်လှိုင်တို့အဖွဲ့သတင်းတစ်ခုယူဆောင်လာတယ်။ မီးသဂြိုလ်စက်တွေပိုမိုတပ်ဆင်ပြီးတစ်နေ့ကို အလောင်း ၃၀၀၀ သင်္ဂြိုလ်နိုင်အောင်လုပ်မယ်လို့ဆိုတယ်။ သူတို့ဦးဏှောက်ကဒါပဲသိသလား။ တော် တော် ကြီး အံအားသင့်မိသွားကြတယ်။ လေးတန်းကလေးလောက်တောင်အသိဉာဏ်မရှိတဲ့သူက တိုင်းပြည်ကိုအုပ်ချုပ်ချင် သတဲ့လား။ ကိုဗစ်ကြောင့် အောက်ဆီဂျင်ပြတ်တာကို ဘယ်လိုအဆင်ပြေအောင်လုပ်မလဲစဉ်းစားဉာဏ်သူ့မှာမရှိ ရှာဘူး။ တစ်ရက်ထက်တစ်ရက် သူ့ကိုဒေါသထွက်လို့မပြီးနိုင်တော့ဘူး။ တော်တော်လေး...

Read moreDetails

ဇူလိုင် ၂၇၊ ၂၀၂၁။ (အင်္ဂါ)

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ နေရာတွေမှာ ရေကြီးနေတယ်။ ရေကြီးတော့ ကူကယ်ရာမဲ့တွေဖြစ်နေ ကြရတယ်။ ဒုက္ခပေါင်းများစွာပါပဲ။ ရန်ကုန်မှာတော့ ပြည်သူအချင်းချင်းကူညီတဲ့စနစ်တစ်ခုကို အကောင်အထည်ဖော်နေကြတယ်။ ဟိုးအရင် ကိုဗစ်ပထမလှိုင်းကတည်းကနေ အခုအချိန်ထိတော့ အဲဒီစနစ်ကိုလုပ်လာခဲ့ကြတယ်။ ဆန်တွေ၊ ဆီတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရပ်ကွက်တွေမှာလိုက်လှူတယ်။...

Read moreDetails

ဇူလိုင် ၂၆၊ ၂၀၂၁။ (တနင်္လာ)

ရန်ကုန်မှာ လူတစ်ချို့အလုပ်အကိုင်မရှိတော့ဘူး။ စားစရာမရှိတော့ဘူး။ နေစရာမရှိတော့ဘူး။ ဘဝတွေ ဟာ စုတ်ပြတ်သပ်နေကြပြီ။ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အထဲ ကုန်ဈေးနှုန်းတွေက မြင့်တက်နေ တယ်။ လူတွေဟာ ကိုဗစ်ကပ်‌ဘေး၊ အလုပ်အကိုင်မရှိတဲ့အဖြစ်၊ စားဝတ်နေရေးအဆင်မပြေတဲ့အခြေ အနေ၊ မအလရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်နေတဲ့ အန္တရယ်ကို...

Read moreDetails

ဇူလိုင် ၂၅၊ ၂၀၂၁။ (တနင်္ဂနွေ)

ပဲခူးနဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေတယ်။ ကိုဗစ်ကြောင့် သေဆုံးသူပေါင်းများစွာ ရှိလာပြီ။ အလောင်းတွေပုံနေပြီ။ ကျွန်တော့်အဒေါ်တစ်ယောက်ရော ဦးလေးတစ်ယောက်ရောဆုံးပါး သွားကြတယ်။ ကိုဗစ်ကြောင့် ဆိုတာထက် စစ်သူပုန်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုတာ အားလုံးက လက်ခံထားကြတယ်။ ဒီရက်ပိုင်း လူတွေသေဆုံးသွားကြရတာဟာ ကိုဗစ်ကြောင့်မဟုတ်ဘူး။ ကိုဗစ်...

Read moreDetails

ဇူလိုင် ၂၄၊ ၂၀၂၁။ (စနေ)

စစ်ခွေးတွေဟာ အောက်ဆီဂျင်ပေးမယ်။ မြို့နယ်အလိုက် အောက်ဆီဂျင်ပေးမယ်လို့ဆိုတယ်။ ဒါပေမဲ့ ရပ်ကွက်ထောက်ခံစာပါလာရမယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အသက်သွင်းနေကြတာြဖစ်တယ်။ စစ်သူပုန်တွေရဲ့ ဒီအစီအစဉ်ဟာ အောင်မြင်ပါ့မလားစောင့်ကြည့်ရမှာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဒီစစ် ခွေးတွေကို တော်တော်လေးနာကျဉ်းလေပြီ။

Read moreDetails

ဇူလိုင် ၂၃၊ ၂၀၂၁။ (သောကြာ)

သံပုံးတီးသံတွေပြန်လည်ကြားရတဲ့နေ့။ ထောင်ထဲရောက်နေကြရတဲ့ သူတွေကနေစတင်ပြီး သံပုံးတီးတာ ဖြစ်တယ်။ ဒါကြောင့် အပြင်ကလူတွေကပါ သံပုံးပြန်တီးကြတယ်။ စစ်သူပုန်တွေကို သံပုံးတီးမောင်းထုတ် ကြတာပြန်လည်အသက်ဝင်လာတယ်။ ဒီစစ်ခွေးတွေ မြန်မြန်ဆင်းသွားကြဖို့ အပြိုင်အဆိုင်သာဆုတောင်း နေမိကြတယ်။ ရောဂါကြောင့် သေဆုံးသူများနေတုန်းပဲ။

Read moreDetails

ဇူလိုင် ၂၂၊ ၂၀၂၁။ (ကြာသပတေး)

ကိုဗစ်ကိုအံတုပြီး စစ်ကောင်စီကအတင်းဖွင့်ခဲ့တဲ့ စာသင်ကျောင်းတွေကို နှစ်ပတ် ထပ်မံပိတ်မယ်လို့ ဒီနေ့ ကြေညာခဲ့တယ်။ ဩဂုတ် ၈ ရက်အထိ ကျောင်းတွေထပ်ပိတ်မှာပေါ့။ အစကတည်းကကိုမဖွင့်ခဲ့သင့်တာ။ သူတို့တွေဘယ်လောက်အထိ ကမောက်ကမနိုင်နေဦးမှာလဲ။ ကျွန်တော်တို့ကရော ဘယ်လောက်အထိ နှိပ်စက်ခံနေရဦးမှာလဲ။

Read moreDetails

ဇူလိုင် ၂၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဆေးဝါးအကူအညီလိုအပ်တဲ့အိမ်တွေဆိုရင် အဖြူရောင်အလံကိုထောင်ထားကြတယ်။ စားစရာအကူအ ညီလိုအပ်တဲ့အိမ်ဆိုရင်တော့ အဝါရောင်အလံကိုထောင်ထားကြတယ်။ ဒီလိုအလံထောင်ထားတာလေး တွေတွေ့လာရင်တော့ စိတ်ထဲတစ်မျိုးခံစားကြရတယ်။ အဲဒီအလံအရောင်တွေကိုမြင်ပြီး လူငယ်တွေက သွားရောက်ကူညီကြမယ်။ ပြည်သူအချင်းချင်းဖေးမကြမယ်။ ဒီစစ်ခွေးတွေရဲ့ရန်ကို မြန်မြန်ကျော်လွှားနိုင် ဖို့အားလုံးက မျှော်လင့်နေကြတယ်။ လူမလေးခွေးမခန့်တဲ့ကောင်တွေက တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ် ချင်တော့အခုလိုကမောက်ကမဖြစ်ရတော့တာပဲ။ သူတို့တွေဆင်းတာနဲ့...

Read moreDetails

ဇူလိုင် ၂၀၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်မြို့မှာ လူသေဆုံးနှုန်း အရင်ကထက် ၁၀ ဆမြင့်တက်လာတယ်လို့ သတင်းတွေကဖော်ပြကြ တယ်။ ဟို အကုသိုလ်တွေက မသိချင်ယောင်ဆောင်ထားတယ်။ သတင်းအမှောင်ချထားတယ်။ လူငယ် ပရဟိတသမားတွေလည်း တတ်နိုင်သမျှဝင်ကူကြရတော့တယ်။ လူမှုစီးပွားရေးပြသနာ၊ နိုင်ငံရေးပြသနာ နဲ့ ရောဂါဆိုးပြသနာတွေကြားထဲမှာ လူတွေဟာ အလူးအလှိမ့်ခံစားနေကြရတဲ့အချိန်ပဲ။...

Read moreDetails
Page 160 of 178 1 159 160 161 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist