မနေ့က NUG ရဲ့အရေးပေါ်အခြေအနေကြေငြာချက်ကြောင့် တနိုင်ငံလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ တယ်။ ရန်ကုန်မှာဆို စျေးဝယ်စင်တာတွေမှာ အခြေခံစားသောက်ကုန်တွေ အဝယ်လိုက်လာတယ်။ တစ်ချို့ အိမ်ဆိုင်လေးတွေကလဲလောဘတကြီးနဲ့ကုန်ပစ္စည်းတွေကိုချက်ချင်းစျေးတင်ရောင်းကြတယ်။ ဒါပေမဲ့ ကိုဗစ်စတွေ့တုန်းကလိုတော့ရုတ်ရုတ်သဲသဲမဖြစ်သွားဘူး။
စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖောက်ခွဲမှုတွေကတော့ အတော့်ကို တိုးတက် လာတယ်။ မန္တလေးမှာဆို ရဲစခန်းရှေ့ထိလာပစ်သွားလို့ စစ်သူပုန်တွေထိခိုက်သေဆုံးကုန်တယ်။ နယ်ဖက်တွေမှာလဲမိုင်းခွဲတိုက်ခိုက်မှုတွေကြောင့်အလောင်းတောင်မကောက်နိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်။ ရှေ့လျောက်သူတို့ဘက်ကဒီထပ်ပိုပြီးလုံးပါးပါးလာဖို့ပဲရှိမယ်။