ရုံးကိစ္စတွေရှိလို့မြို့တစ်ပတ်ပတ်ဖြစ်တယ်။ ရန်ကုန်ဟာအရင်လိုမစည်ကားတော့ဘူး။ နေရာတိုင်းမှာ ခြောက်ကပ်နေတယ်။ အစစ်အဆေးအတားအဆီးတွေကလဲပေါများလွန်းတယ်။ မနေ့ကအခင်းဖြစ်ပွား ခဲ့တဲ့ စမ်းချောင်းမှာဆိုလမ်းတွေကို တစ်လမ်းမောင်းလုပ်ပစ်ပြီးလမ်းဘေးစျေးသည်တွေလည်း ရှင်းလင်းခံ ရတယ်။ ပေါက်ကွဲမှုလည်းဆက်တိုက်ရှိနေဆဲပဲ။ နယ်ဘက်တွေမှာတော့ ဒီရက်ပိုင်းစစ်ကောင်စီရှယ်ယာ ဝင်ထားတဲ့ မိုင်တယ်တယ်လီကွန်းပိုင်ဆက်သွယ်ရေးတာဝါတိုင်တွေ ဆက်တိုက်ဖောက်ခွဲခံနေရတယ်။ တစ်ချို့နယ်တွေမှာဆို မိုင်တယ်ဖုန်းလိုင်းတွေတောင် မမိတော့ဘူး။ စစ်ကောင်စီပိုင်ဆိုင်တဲ့ စီးပွားရေး အဆောက်အဦတွေကိုပစ်မှတ်ထားတိုက်ခိုက်ကြတဲ့သဘောပဲ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...