NUG ရဲ့ကြေငြာချက်အပေါ်မှာ နိုင်ငံတကာကမှတ်ချက်တွေအသီးသီးထွက်ပေါ်လာတယ်။ UKနဲ့USတို့က ငြိမ်းချမ်းစွာဖြေရှင်းပါပြောကြတယ်။ မလေးရှားကတော့အာဆီယံဘုံသဘောတူညီချက်တွေ မြောင်းထဲ ရောက်သွားပြီလို့ ညည်းတယ်။ထူး ခြားတာကတော့ တရုတ်နဲ့UN ကခုချိန်ထိအသံတိတ်နေတာပဲ။ ဘာပဲဖြစ်ဖြစ် NUG က ကမ္ဘာမှာသွေးအေးစပြုနေတဲ့ မြန်မာ့အရေးကိုလှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်လိုက်နိုင်တယ်။
ဒီနေ့ညနေပိုင်း ရန်ကုန်၊စမ်းချောင်းမှာကင်းလှည့်နေတဲ့ စစ်ကားတစ်စီးအနီးကပ်တိုက်ခိုက်ခံရလို့ ကားပေါ်ကစစ်သူပုန်တွေအတုန်းအရုံးသေကုန်တဲ့ပုံတွေတက်လာတယ်။ သေသွားတဲ့သူတွေထဲမှာ အရာရှိအဆင့်တစ်ယောက်ပါသွားတယ်တဲ့။ ရန်ကုန် PDF ကလူငယ်တွေရဲ့ လက်စလက်နက တော့မသေးဘူး။ စစ်သူပုန်တွေမြို့ပေါ်မှာတောင်ကျီးလန့်စာစားနေရပြီ။