ဒီနေ့မနက်ပုံမှန်အတိုင်းပဲအိပ်ရာနိုးရေမိုးချိုးပြီးရုံးသွားဖို့ပြင်ဆင်တယ်။ ရုံးရောက်တော့ မနက်ကိုး နာရီထိုး နေပြီ။ အင်တာနက်ကိုလည်း ရုံးရောက်မှကော်ဖီသောက်ရင်းဖွင့်ကြည့်နေကျဆိုတော့ ထုံးစံအတိုင်းပဲ ထင်တာပေါ့။ ဆိုရှယ်မီဒီယာပေါ်တက်ကြည့်လိုက်တော့အတော်လှုပ်လှုပ်ရှားရှားဖြစ်နေပြီ။
NUG က တစ်တိုင်းပြည်လုံးလှည်းနေလှေအောင်းမြင်းစောင်းမကျန် စစ်ကောင်စီကိုတော်လှန်ကြဖို့ တရားဝင်ကြေငြာလိုက်ပြီလေ။ အများသူငှာပြောနေကြတာတော့ D DAY ပေါ့။
လူကနည်းနည်းတော့ရှော့ရသွားတယ်။ မဖြစ်လောက်သေးဘူးထင်တာ။အဲ့လောက်မြန်မယ်လို့ ဘယ်သူမှ ထင်မထားဘူးလေ။ ခုပဲရုံးကနေအိမ်ချက်ချင်းပြန်ရတော့ မလိုလို၊အထုတ်ပဲဆွဲပြေးရတော့ မလိုပေါ့။ တချို့သူတွေဆိုခေါင်းကြောတွေထောင်လာတဲ့သူနဲ့၊ရင်တုန်ခြေတုန်လက်တုန်ဖြစ်တဲ့သူနဲ့အမျိုးမျိုးပဲ။
တကယ်က NUG ကြေငြာလိုက်တာက Political D Dayပါ။ ချက်ချင်းကြီး အကုန်ထတိုက် ကြမယ်လို့မဆိုလိုပါဘူး။ အဲ့လိုထတိုက်ရမယ့်Military D Day ကတော့လအနည်းငယ်ကြာဦးမယ်လို့ မြင်တယ်။အဲ့ ဒီအချိန်ကျရင်တော့အခုလို Publicကို ကြေငြာနေမှာမဟုတ်တော့ဘူး။ အားလုံးသတိနဲ့ နေဖို့လိုပြီ။