နေရာတစ်ချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့သေနတ်နဲ့ပစ်ခံရတယ်။ ဒါ ဟာ တော်လှန်ရေးအရှိန်မသေဘူးဆိုတဲ့သက်သေပဲ။ ရောဂါတွေကင်းစင်သွားရင် ပိုပြီးတော့ တော်လှန် ရေးအရှိန်မြှင့်လာကြမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ မနက်ဖြန်ကျရင် ၈၈၈၈ နှစ်ပတ်လည် နေ့။ ၈၈၈၈ ရဲ့ ၃၃ နှစ်မြောက်နှစ်ပတ်လည်နေ့။ အထိမ်းအမှတ်တစ်ခုခုတော့လုပ်ကြလိမ့်မယ်။
Read moreDetailsဒဂုံမြို့သစ်မြောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်။ ရန်ကုန်မြို့အခြားနေ ရာအချို့မှာလည်း ဒလန်တွေ သေနတ်နဲ့ပစ်ခံရတာတို့ဖြစ်တယ်။ ငြိမ်သက်မနေတာကောင်းတယ်။ ဒီခွေး တွေကို တတ်နိုင်သမျှတိုက်ထုတ်ပစ်မှရမယ်။ ကိုဗစ်ဖြစ်ပွားမှုနှုန်းကလည်းလျော့ကျသွားတာမရှိသေးဘူး။ နောက်တစ်ပတ်လောက်မှာတော့ တတိယလှိုင်းယုတ်လျော့သွားမယ်လို့အားလုံးက မျှော်လင့်ထားကြ တယ်။ ကိုဗစ်ကင်းဝေးဖို့ဆုတောင်းသလို မအလ မြန်မြန်ကျရှုံးပါစေလို့လည်းဆုတောင်းနေကြရတယ်။ မ...
Read moreDetailsမအလရဲ့ခွေးတွေဟာ စစ်ယူနီဖောင်းအစားအရပ်ဝတ်တွေဝတ်ပြီး ပြည်သူတွေကြားမှာ လှည့်ပတ်သွား လာနေတယ်။ သူတို့ကိုဆန့်ကျင်တယ်လို့ထင်တဲ့သူမှန်သမျှကို ဉပဒေမရှိ၊ အမေးအမြန်းမရှိဘဲ ရုတ်တရက် ဖမ်းဆီးတယ်။ မထင်ရင်မထင်သလိုနှိပ်စက်တယ်။ သူတို့ပါးစပ်ဟာ မြန်မာနိုင်ငံရဲ့ဉပဒေပဲ။ ပြည်သူတွေ ဟာ သူတို့ရဲ့အကျင့်ယုတ်မှုကိုအလူးအလဲခံစားနေကြရတုန်းပဲ။ ရန်ကုန်မှာ ပြောက်ကျားသပိတ်တွေလုပ် နေကြသလို မြန်မာနိုင်ငံတစ်ဝန်းမှာလည်း...
Read moreDetailsဩဂုတ်လ ၃ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာ နာရီပေါင်းများစွာ ကြာအောင်တစ်ဖက်သတ်ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေသုံးပြီးပစ်ခတ်တာလို့ ဆို ရှယ်မီဒီယာပေါ်မှာ အခိုင်အမာပြောဆိုဝေမျှကြတယ်။ ဓါတ်ပုံတွေလည်းတက်လာတယ်။ ဒေသခံတွေက အိပ်လို့မရလောက်အောင် အသံတွေကြားရကြတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်အားကိုးနဲ့အနိုင် ကျင့်စော်ကားနေတာ ခြောက်လကျော်လာပြီ။...
Read moreDetailsMyanmar Now Published on Aug 3, 2021 ကိုဗစ်နိုင်တင်းနှင့် လုံခြုံရေးအကြောင်းပြသည့် စစ်ကောင်စီတပ်သားများက ယနေ့ (ဩဂုတ် ၃) မနက်ပိုင်းတွင် မန္တလေးမြို့လမ်းပေါ်မှ ကား၊ ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး ငွေညစ်၊ ရိုက်နှက်စစ်ဆေးနေကြသည်ဟု...
Read moreDetailsမန္တလေးမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်မှုတွေခပ်စိပ်စိပ်လုပ်နေတယ်။ မန္တလေးမြို့ရဲ့လမ်းမပေါ် မှာ သွားလာနေသူတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ငွေတောင်းခံခြင်း၊ ရိုက်နှက်ခြင်းတို့နဲ့ရင်ဆိုင်နေရ တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ဆိုင်ကယ်နဲ့သွားလာနေတုန်း သူ့ဆိုင်ကယ်ကိုတားဆီး ပြီး နောက်ဖုံးဖွင့်ခိုင်း၊ ဟိုစစ်ဆေး၊ ဒီစစ်ဆေးလုပ်တာခံခဲ့ရတယ်။ လက်နက်တွေသယ်ဆောင်တာမျိုးရှိမရှိ စစ်ဆေးတာထင်တယ်လို့သူကတော့ပြောတယ်။ တစ်ချို့နေရာတွေမှာတော့...
Read moreDetailsမင်းအောင်လှိုင်ဟာ ခြေလှမ်းသစ်တစ်ခုကို လုပ်လိုက်တယ်။ သူက ဝန်ကြီးချုပ်ရာထူးကိုယူပြီး အိမ်စောင့် အစိုးရလို့နာမည်ပေး အစိုးရသစ်ကိုဖွဲ့လိုက်တယ်။ ဒါဟာ သူအာဏာရူးနည်းခြေလှမ်းနောက်တစ်မျိုးဖြစ် ပါတယ်။ သူက အိမ်စောင့်အစိုးရမှာ ဝန်ကြီးချုပ်ရာထူးအဖြစ်တာဝန်ယူထားတယ်။ အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး အရပ်သားအစိုးရအသွင်နဲ့ ဆက်လက်အုပ်ချုပ်ဖို့ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးခြောက်ဦး...
Read moreDetailsနိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခု မြန်မာနိုင်ငံကို စွန့်ခွာခဲ့တာ တော်တော်နှမြောစရာကောင်းတယ်။ မြန်မာ နိုင်ငံမှာ အာဏာသိမ်းပြီးနောက် ကောင်းလာတာဆိုလို့ တစ်ခုမှ မရှိဘူး။ စစ်တပ်ဆိုတာလည်း အောက် တန်းစားထက်တစ်ဆင့်နိမ့်ကျတဲ့ ခွေးစုတ်ခွေးနာမျိုးတွေဖြစ်သွားတယ်။ စစ်ခွေးတွေဆို ရွံကြောက်ကြီး အဖြစ်နဲ့ ပြည်သူလူထုက...
Read moreDetailsစစ်ကောင်စီကို မုန်းတီးစွာနဲ့ပဲ ဇူလိုင်လကို အဆုံးသတ်လိုက်ကြရတယ်။ နိုင်ငံနဲ့ပတ်သက်လို့ အပြောင်း အလဲတစ်စုံတစ်ရာမရှိ ပေမယ့် ဘဝပေါင်းများစွာက ပြောင်းလဲပျက်စီးခဲ့ကြရပြီ။ စစ်ခွေးတွေဟာ သူတို့ ပထွေးအတွက်အားကြိုးမာန်တက်ကြိုးစားနေတုန်းပဲ။ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေ တုန်းပဲ။ ရောဂါကြောင့် လူတွေသေဆုံးကြရသလို စစ်ခွေးတွေနှိပ်စက်လို့...
Read moreDetailsတာမွေမှာ ပြုလုပ်နေတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းတစ်ခုကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အဖြစ်အပျက်ဒီနေ့ ကြုံရတယ်။ လူတွေ သေလုမျောပါးဖြစ်ပြီး ရောဂါဘယထူပြောနေတဲ့အချိန် မှာတောင် အာဏာရှင်ကိုတွန်းလှန်သပိတ်စစ်ကြောင်းတွေလုပ်နိုင်တဲ့သူတွေကို လေးစားမိတယ်။ မင်း အောင်လှိုင်ရဲ့အမျိုးသမီး ကြူကြူလှက ကိုဗစ်ရောဂါခံစားနေရတယ်လို့သတင်းထွက်တယ်။ သူနဲ့ပတ် သက်တဲ့ကာတွန်းပုံလေးလည်းတွေ့ရတယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.