စစ်ကောင်စီကချင်းပြည်နယ်တစ်ခုလုံးကို(မြို့တော်ဟားခါးမှအပ)အင်တာနက်ဖြတ်တောက်လိုက်ပြန်ပြီ။မကွေးတိုင်းထဲကဂန့်ဂေါ်၊ထီးလင်းနဲ့မြိုင်မြို့နယ်လေးတွေပါပါတယ်။စစ်ကိုင်းတိုင်းအနောက်ပိုင်းတခြမ်းလုံးနဲ့ချင်းပြည်နယ်ကိုစစ်ကောင်စီဟာမထိန်းနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီ။
ဒီနေ့ဆိုစစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာနားမှာပဲစစ်ကားတွေမိုင်းခွဲတိုက်ခိုက်ခံလိုက်ရတယ်။အရင်နေ့တွေကတည်းကမုံရွာမှာစစ်တပ်ရဲ့စီးပွားရေးတွေဖြစ်တဲ့Mytelတာဝါတိုင်တွေနဲ့မြန်မာဘီယာဂိုထောင်တွေတိုက်ခိုက်ဖျက်စီးခံလိုက်ရသေးတယ်။တော်လှန်ရေးမီးပွားဟာမုံရွာထိစင်လာတဲ့သဘောပဲ။ဒါတောင်အဲ့ဒီနယ်ကချောင်ဦးမြို့နယ်PDFဆိုမကြာမကြာစခန်းကိုဝင်စီးပြီးလက်နက်တွေအသိမ်းခံနေရလို့။မဟုတ်ရင်ဒီထက်ပိုပြီးစောစောစီးစီးလက်သံပြောင်နိုင်မှာ။