တိုက်ပွဲတွေကြောင့်အထူးသဖြင့်စစ်ကောင်စီရဲ့လက်နက်ကြီးရန်ကိုကြောက်လို့ ထန်တလန် တစ်မြို့လုံးဒီနေ့က စစစ်ဘေးရှောင်နေကြပြီ။ အများစုကတော့အိန္ဒိယဘက်ပြေးကြတယ်။ ဟိုဘက်က အိန္ဒိယပြည်နယ်အစိုးရကကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးလို့တော်သေးတယ်။
NUG ကတော့ အခွန်ဥပဒေကိုပြဌာန်းပြီး သူ့ရဲ့ဘက်ဂျက်လိုအပ်ချက်ကို အလုံးအရင်း ဖြည့်ဆည်းဖို့ စတင်ခြေလှမ်းလိုက်ပြီ။ ဥပဒေရဲ့လိုရင်းကတော့ ပြည်တွင်းကလုပ်ငန်းရှင်ကြီးတွေဆီက အခွန်ရအောင် ကြိုးစားတာပဲ။ NUG ကပြီးခဲ့တဲ့ရက်ပိုင်းကပြောထားတဲ့ရံပုံငွေ တစ်နှစ်ဒေါ်လာသန်း ၇၀၀ ထဲက အများစုကို အခွန်ကောက်တဲ့နည်းနဲ့ရရှိဖို့ပြင်ဆင်နေပြီ။ အလုပ်ဖြစ်မဖြစ်ကတော့စောင့်ကြည့်ရမှာပေါ့။