စစ်ခါင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့စည်းရုံးရေးခရီးစဥ်အဖြစ် မြစ်ကြီးနားကနေ ပူတာအိုကို ဆက်သွားဖို့စီစဥ်ထားပေမယ့်လည်း KIA ကပိတ်ဆို့ထားမှုကြောင့် မသွားရဲတော့ဘဲ ခရီးစဥ်ဖျက်သိမ်း လိုက်တယ်။ သူ့အတွက်အတော်ရှက်ဖို့ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ လဲရှက်ရကောင်းမှန်းသိမှာ မဟုတ်ပါ ဘူး။ မြစ်ကြီးနားမှာရှိနေစဥ်အတောအတွင်းမှာတောင် ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေ ဖျက်ထား သေးတယ်တဲ့။ တကယ့်ကြောင်ချီးပဲ။
ချင်းပြည်နယ်မှာလည်း မြို့တွင်းတိုက်ပွဲတွေဖြစ်နေပြီလို့ကြားတယ်။ စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လုံးဝမထိန်းချုပ်နိုင်တော့ဘူး။ ဟိုတလောကဖတ်လိုက်ရတဲ့သတင်းဆောင်းပါးတစ်ပုဒ်မှာ ချင်းပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုပြည်သူတွေဘက်က ထိန်းချုပ်နိုင်နေပြီလို့ပြောတယ်။ မြို့တွေကိုလည်း အချိန်မရွေး ဝင်သိမ်းနိုင်တဲ့အနေအထားရှိနေပြီတဲ့။ တော်လှန်ရေးဟာအနောက်မြောက်ဘက်ကစတော့မှာလား။