ဒီနေ့နေ့လည်လောက်မှာ ဟိုဘက်ရပ်ကွက်ကရာအိမ်မှုး အိမ်ဗုံးပစ်ခံရတယ်။ ကံကောင်းချင်တော့ ဗုံးကပေါက်မသွားဘူး။ သူကစစ်ကောင်စီအမာခံသတင်းပေးလေ။ အရင်ကလည်း လုပ်ကြံခံရဘူးတယ်။ တော်တော်အသက်ပြင်းတယ်ပြောရမယ်။
သူအိမ်ဗုံးပစ်ခံရပြီးတဲ့နောက်တော့ စစ်တပ်ကရပ်ကွက်ထဲ၀င်သောင်းကျန်းတော့တာပဲ။ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုရမ်းသမ်းဖမ်းတယ်။ ဗုံးပစ်သွားတဲ့သူက ဆိုင်ကယ်နဲ့ ဆိုတော့ဆိုင်ကယ်သမားတွေအများဆုံးခံရတာပဲ။ လမ်းပေါ်မှာတွေ့သမျှဆိုင်ကယ်တွေ လိုက်ဖမ်းရုံသာမက အိမ်ထဲရပ်ထားတဲ့ဆိုင်ကယ်တွေပါ၀င်သိမ်းသွားတယ်။ ညဘက်ကိုလည်း လမ်းထဲက လူငယ်လေး သုံးလေးယောက်စုနေတဲ့အိမ်ကို ၀င်စီးပြီးခွေးဆွဲသလိုဆွဲသွားသေးတယ်။ သူတို့တွေ ဘယ်လိုပဲရမ်းရမ်း တကယ်လုပ်သွားတဲ့သူကိုဖမ်းမိပါတယ်လို့တစ်ခါမှမကြားမိဘူး။