ကျွန်တော်တို့ အနေနဲ့ နည်းလမ်း နှစ်ခုနဲ့ အာဏာရှင်ကိုဆန့်ကျင်လို့ရတယ်လို့မြင်မိတယ်။ ပထမတစ် နည်းက လမ်းပေါ်ထွက်ဆန္ဒပြတာပေါ့။ ဒီနည်းကတော့ သူတို့ပစ်သတ်ရင်သေမှာပေါ့။ အသက်နဲ့ရင်းရတဲ့ နည်းလမ်း။ အရင်အာဏာသိမ်းလို့ဆန္ဒပြတုန်းကလည်း သွေးမြေကျခဲ့ရတဲ့သာဓကတွေရှိခဲ့တော့ လမ်း ပေါ်ထွက်ပြီး ဆန္ဒပြတာနဲ့ သူတို့ လက်နက်အားကိုးပြီးပစ်ကြမယ်ဆိုတာကို အားလုံးကသိထားကြတယ်။...
Read moreDetailsကျွန်တော်တို့တွေဟာ နိုင်ငံတကာကိုမျှော်နေတုန်းပဲ။ နိုင်ငံတကာအကူအညီတစ်ခုခုရပါစေလို့ဆုတောင်း နေကြတုန်းပဲ။ နိုင်ငံရေးပေါ်လစီ၊ နိုင်ငံတကာဆက်ဆံရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကူအညီပေးဖို့စည်း မျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့နိုင်ငံသားတော်တော်များများကနားမလည်ကြပါဘူး။ ကျွန်တော်တို့ဟာအလွတ်ကျက်ပြီးဖြေရတဲ့ပညာရေးစနစ်မှာရှင်သန်ခဲ့ရတော့ အတွေးအခေါ်တွေလည်း သူများနိုင်ငံတွေလောက်မမြင့်မားကြပါဘူး။ အဲဒီတော့ နိုင်ငံတကာကနေလာကယ်ပါစေလို့ဆုတောင်းနေ ကြတုန်းပဲ။ အခုရက်အထိ နိုင်ငံတကာကလည်းဘာအသံမှမကြားရတော့ စိတ်တွေအားပျော့လာတယ်။ ကျွန်တော်စိတ်ထဲမှာတော့ အမေရိကန်လိုမဟာမိတ်နိုင်ငံတစ်နိုင်ငံကနေ...
Read moreDetailsစစ်အာဏာရှင်တွေဟာ ပြည်သူတွေကို လမ်းပေါ်ထွက်အောင်လှုံ့ဆော်မှုတွေအများကြီးလုပ်ကြလိမ့်မယ် လို့အချင်းချင်းသတိပေးကြတယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ အပြင်ကိုထွက်ပြီးဆန္ဒပြလို့မ ဖြစ်သေးဘူး။ ကျွန်တော်တို့ခေါင်းထဲမှာ ၇၂ နာရီကမ်ပိန်းကလွှမ်းမိုးနေတုန်းပဲ။ စစ်အစိုးရက တင်းကြပ်မှုတွေကိုလုပ်လာတယ်။ အင်တာနက်လိုင်းကိုအပြီးအတိုင်ပိတ်ပစ်လိုက်မယ်လို့ ပြောတာမျိုး၊ အစိုးရဝန်ထမ်းတွေအလုပ်မဆင်းရင်ဝန်ထမ်းအိမ်ရာကနေ ၂၄ နာရီအတွင်းထွက်သွားရ မယ်ဆိုတာမျိုး၊ လက်ရှိသုံးနေတဲ့...
Read moreDetails၇၂ နာရီကမ်ပိန်းဆိုတာကြီးပေါ်လာတယ်။ စစ်အစိုးရအာဏာသိမ်းပြီး ၇၂ နာရီအတွင်းမှာငြိမ်ငြိမ်လေးနေ ကြဖို့၊ ဆန္ဒမပြ ဆူပူသောင်းကျန်းမှုမလုပ်ဖို့အချင်းချင်းလက်ဆင့်ကမ်းတယ်။ အဲဒီမှာ သုံးသပ်ချက်နှစ်ခုဖြစ်သွားတယ်။ လက်ရှိဥပဒေအရ တရားဝင်အာဏာသိမ်းခွင့် ၇၂ နာရီရှိတယ်လို့ သိရတယ်။ ၇၂ နာရီအတွင်းဘာကြောင့် အာဏာသိမ်းတယ်ဆိုတာရယ် သမ္မတကအာဏာလွှဲပြောင်း ကြောင်း...
Read moreDetailsအံအားသင့်စရာကောင်းတဲ့သတင်းဆိုးတစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။ အဲဒီသတင်းဆိုးက ကျွန် တော်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက်။ မြန်မာပြည်သူပြည်သားအား လုံးအတွက်သတင်းဆိုးကြီးပေါ့။ စစ်တပ်ကအာဏာသိမ်းလိုက်ပြီတဲ့။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိ၊ တိုင်းပြည်မှာဆူပူမှုတစ်စုံတစ်ရာ မရှိဘဲ သူတို့အာဏာသိမ်းလိုက်ပြီတဲ့လေ။ သေချာတာကတော့ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးအမှားမ လုပ်ခဲ့သလို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း အမှားအယွင်းကြီးကြီးမားမားမရှိခဲ့ဘူး။ လွှတ်တော်အသစ်၊ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့...
Read moreDetailsYou can copy without credits to our site. We Need Freedom.